သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-29
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းအက်ဥပဒေ ပုဒ်မ-၁၇ (၁)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၈ ရက် မနေ့က မြစ်ကြီးနားမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြစ်ကြီးနားမြို့က ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-29
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန် (Deng Xijun) ဟာ ဒီဇင်ဘာလ ၂၈ ရက်၊ မနေ့က နေပြည်တော်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့အတည်ပြုပြောဆိုပါတယ်။
2022-12-29
အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီက သတင်းသမားတွေအပေါ် ပစ်မှတ်ထားဖိနှိပ်မှုတွေ ဆက်လုပ်နေပါတယ်။
2022-12-29
စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ တစ်ပတ်အတွင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ ဘားအံမြို့က တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ခုနစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သက်ဆိုင်ရာ ကျောင်းသားများသမဂ္ဂတွေက ပြောပါတယ်။
2022-12-29
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်မှုနဲ့ ထောင် ၁ဝ နှစ်စီ ချမှတ်ခံထားရတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်သူလူငယ် ငါးဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ်စီ ဒီနေ့ချလိုက်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-12-29
စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ပါဝင်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက ဒေါ်ဖြူဖြူသင်းရဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက် မနေ့က ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-29
မတ္တရာမြို့နယ်နဲ့ နောင်ချို့မြို့နယ်အစပ်က နဂါးချောင်းအနီးမှာ ပစ်သတ်ခံထားရတဲ့ PDF ရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ဒေသခံတွေ တွေ့ရှိခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒိုးပင်ရွာသားတစ်ဦးက ပြောပါတယ်။
2022-12-28
နိုင်ငံရေးအမှုတွေကို ဥပဒေရေးရာအကျိုးဆောင်ခွင့် မပေးရဲအောင် စစ်ကောင်စီက ရှေ့နေတွေကို ထောင်ချနေသလို ရှေ့နေတွေဟာ အမှုသည်တွေကို အိမ်နဲ့အဆက်အသွယ်ရအောင်လုပ်ပေးနိုင်တဲ့ အခြေအနေသာအမြင့်ဆုံးရှိနေပြီး တရားမျှတမှုရအောင် စွမ်းဆောင်ခွင့်မရှိတော့ဘူးလို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
2022-12-28
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်ပြဿနာ မပြီးဆုံးသေးသလို အာဆီယံမှာလည်း ဒုက္ခသည်ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။
2022-12-28
ဩဂုတ်လကနေ မေလအထိ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ရွာတွေထဲ ဝင်ရောက်ပစ်ခတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် လူအစုလိုက် သေဆုံးရတဲ့ ဖြစ်ရပ် ၁၈ ခုမှာ လူပေါင်း အယောက် ၁၇၀ အသက်ဆုံးရှုံးခဲ့ပါတယ်။
2022-12-28
ဩဂုတ်လကနေ မေလအထိ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ရွာတွေထဲ ဝင်ရောက်ပစ်ခတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် လူအစုလိုက် သေဆုံးရတဲ့ ဖြစ်ရပ် ၁၈ ခုမှာ လူပေါင်း အယောက် ၁၇၀ အသက်ဆုံးရှုံးခဲ့ပါတယ်။
2022-12-28
ခိုင်ခံ့မှုမရှိတဲ့ စက်လှေလေးတွေပေါ်မှာ လူရာနဲ့ချီလိုက်ပါလာတာကြောင့် ပင်လယ်ပြင်ခရီးမှာ ကြာကြာမခုတ်မောင်းနိုင်ဘဲ စက်ပျက်ပြီး မျောနေတဲ့လှေတွေ များနေပါတယ်။
2022-12-28
မြန်မာနိုင်ငံသား အမြောက်အမြား ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ကြိုးစားနေကြတဲ့အတွက် လူကုန်ကူးမှုနဲ့ ဒုက္ခသည်စခန်းတွေက ပြည်သူတွေကို ပြည်ပမှာ အလုပ်လုပ်ဖို့ လာရောက်ခေါ်ဆောင်တာလို လုပ်ရပ်တွေလည်း ဖြစ်နိုင်ခြေမြင့်မားနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-12-28
တောင်ကိုရီးယားနိုင်ငံမှာအခြေစိုက်တဲ့ ကင်မ်ဂျွန်းထယ်ဖောင်ဒေးရှင်း (Kim Geun Tae Foundation) က ခုနစ်ကြိမ်မြောက် ပေးအပ်တဲ့ဆုကို မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ချီးမြှင့်လိုက်တယ်လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
2022-12-28
မနေ့က ရွာသစ်ကြီးစခန်းထဲကနေ ထွက်ပြေးနေတဲ့ ဒေသခံတွေကို ရွာသစ်ကြီးစခန်း ငါန်းဇွန်ဘက်ခြမ်းကနေ ဒရုန်းနဲ့ ဗုံးကြဲချတာကြောင့် ငါးနှစ်သား ကလေးငယ်တစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တစ်ယောက် စုစုပေါင်းလေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။