သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-28
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစိုက်ပျိုးရေးစီမံကိန်းမှာ တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့နဲ့ဆက်သွယ်မှု ပုဒ်မ ၅၂ (က)၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆ (၃) (၁)နဲ့ တရားစွဲပြီး ထောင်ခုနစ်နှစ်ချခဲ့ပါတယ်။
2022-12-28
သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီရဲ့ စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ (RSF) က ကုလသမဂ္ဂကို ဒီဇင်ဘာလ ၂၇ ရက်၊ မနေ့က သတင်းထုတ်ပြန်တောင်းဆိုပါတယ်။
2022-12-28
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ဘယ်ဘက်မျက်စိတစ်ဖက် တိမ်စွဲနေပြီး အမြင်အာရုံ မရတော့တာကြောင့် ဆေးကုသခွင့် တောင်းဆိုထားပေမယ့် ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ထိ ဆေးကုသခွင့် မရသေးဘူးလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
2022-12-28
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် လိုင်းရင်းဒေသက MNDAA ကိုးကန့်တပ်ဖွဲ့ တပ်စခန်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုးကန့်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး၊ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဦးရန်နိုင်က ပြောပါတယ်။
2022-12-28
မန္တလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Special Task Force – Mandalay (STF - MDY) က သတိပေးစာထုတ်ပြန်ထားတာကြောင့် အုပ်ချုပ်ရေးမှူးတွေ သတိနဲ့ လုပ်ကိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-28
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ဝလက်ဝမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ အဘောင်သားရွာက စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-28
ပဲခူးတိုင်း မုန်းမြို့နယ် ကော့ပြင်းရွာထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-28
ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတစ်ခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ ဖမ်းမိခဲ့တဲ့ လူငယ်ခြောက်ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင် ၁၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-28
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဌာနဆိုင်ရာအသီသီးက ဝန်ထမ်းတွေဟာ အလုပ်ဌာနတွေကိုစွန့်ခွာပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဖန်တီးခဲ့ကြတာ ၂၂ လ ရှိပါပြီ။
2022-12-28
မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးခုကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ လေးလတိတိ ယာယီပိတ်ခိုင်းထားတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-12-28
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-28
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် သခွတ်ချောင်ရွာမှာ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်က မီးငါးကြိမ်ရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ ပြောပါတယ်။
2022-12-28
ပဲခူးတိုင်း ပြည်မြို့မှာ နေထိုင်တဲ့ ကာတွန်းဆရာ တာတီး (ပြည်) ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သူနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-12-27
နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂ဝ ကျော် နေထိုင်ခဲ့ရတဲ့ ဦးတင်အေးကြူဟာ ဒီဇင်ဘာ ၂ဝ ရက်နေ့က ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။
2022-12-27
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကောင်စီက နေပြည်တော်မှာ တွေ့ဆုံဖို့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ဖိတ်ကြားခဲ့တဲ့အပေါ် အပစ်ရပ်အဖွဲ့ငါးဖွဲ့က လက်ခံပြီး သွားရောက်တွေ့ဆုံနေပါတယ်။