သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-04
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ကိုဗစ်ကုသရေးစခန်းတစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေပိုင်းက မီးလောင်လို့ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2022-01-04
ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာရှိတဲ့ ဈေးဆိုင်သုံးထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘူဒိုဇာနဲ့ ဖြိုဖျက်ခဲ့တာ အမှန်ပဲလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အင်္ဂါနေ့မှာ အတည်ပြုချက်ပေးတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
2022-01-04
ထိုင်းနိုင်ငံမှာ ကျန်းမာရေးအာမခံ (ဘတ် ၃၀ တန် ဆေးရုံကတ်) ကိုင်ဆောင် ထားသူတွေ တနိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေမှာ ဆေးကုသခွင့်ရှိပြီလို့ ထိုင်း ကျန်းမာရေးဝန်ကြီး အနုတင် ချာန်ဗီရာကူလ် (Anutin Charnvirakul)က တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
2022-01-04
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ တွေဟာ နိုင်ငံတကာရာဇဝတ်မှုကြီး တစ်ခုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against Humanity မြောက်တယ်လို့ လူ့အခွင့်အရေးလေ့လာသုံးသပ်သူတွေနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြနေပါတယ်။
2022-01-04
ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့ CRPH/NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာဟာ လုံးဝ မဟုတ်မမှန်ပါဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က RFA ကို ပြောပါတယ်။
2022-01-04
စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၇ ရက်ကနေ ၈ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မယ့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ခရီးစဉ်အတွင်း အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမှာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။
2022-01-04
ဇန်နဝါရီလ ၄ ရက်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့တိုင်း မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် ရပ်ကွက် အတော်များများမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ကစားပွဲတွေ၊ စည်စည် ကားကားကျင်းပလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကတော့ ဘယ်နေရာမှာမှ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြတာဖြစ်ပါတယ်။
2022-01-04
တရုတ်နိုင်ငံဘက်က အကောက်ခွန်စနစ် ပြောင်းလဲမှုကြောင့် ဖရဲကုန်သည်အများစု ဆုံးရှုံးနစ်နာနေကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
2022-01-04
စစ်အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့မေလကနေ ဒီဇင်ဘာလကုန်အထိ ခုနစ်လကျော် ကာလအတွင်း ကယားပြည်နယ်မှာ စစ်တပ်နဲ့ ကရင်နီကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၂၄၉ ဦးနဲ့ KNDF ဘက်က ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF က ဇန်နဝါရီ ၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
2022-01-04
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ကျောက်တော်မြို့နယ် တင်းမရွာသားတွေဟာ လက်ရှိနယ်မြေအေးချမ်းနေတာမို့ နေရပ်ပြန်ခွင့်ပေးဖို့ ထပ်မံတောင်းဆိုလိုက်တယ် လို့ ရွာသားတွေ ပြောပါတယ်။
2022-01-04
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကျွဲတဲကုန်းရွာက အရှိုချင်းတိုင်းရင်းသား ခရစ်ယာန် ဓမ္မဆရာ တစ်ဦးဖြစ်တဲ့ ဆလိုင်းဧလလုံးဝေဟာ ပြည်မြို့အဝင် စစ်ကောင်စီ တပ်တွေရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၈ ရက် က အဖမ်းခံလိုက်ရပါတယ်။
2022-01-04
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုးဒေသကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့ ဒီနေ့မနက်က စစ်လေယာဉ်နဲ့ ဗုံးသုံးလုံး ကြဲချခံလိုက်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားပါတယ်။
2022-01-04
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေမဖြစ်ဘဲ နယ်မြေအေးချမ်းနေတာ အချိန် တစ်နှစ်ကျော်အထိ ရှိသွားပြီဖြစ်ပေမယ့် ပြည်ပခရီးသည်ဝင်ရောက်မှု ၉၅ ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွား တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
2022-01-04
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသ ကာကွယ်ရေးတပ် PDF တွေ တိုက်ပွဲဖြစ်ပွားရာအနီးက ရွာပေါင်းရှစ်ရွာမှာ အင်တာ နက်လိုင်းတွေ ဖြတ်တောက်ထားသလို ဖုန်းတွေလည်း ခေါ်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-04
စစ်ကိုင်းတိုင်း ကောလင်းမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်ရဲ့အစ်ကိုဖြစ်သူ ရဲ့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။