သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-01
မွန်ပြည်နယ်၊ သထုံနဲ့ ဘီးလင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နှစ်ရက်အတွင်း စစ်သား ကိုးယောက် သေပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-01-01
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ ဥက္ကဋ္ဌအဖြစ် ခူးဦးရယ်ကို ရွေးချယ်လိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁ ရက် ဒီနေ့ KNPP က ထုတ်ပြန်ပါတယ်။
2022-01-01
၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင် စီတပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်တွေကြား တစ်နေကုန်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2022-01-01
၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းစရမယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့နှစ်သစ် မိန့်ခွန်းမှာ ပြောလိုက်ပေမယ့် ဒီဇင်ဘာ ၃၁ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2022-01-01
စစ်ကိုင်းတိုင်း ကလေးမြို့က တက္ကသိုလ်ကျောင်းသား လေးယောက်ဟာ ရာဇသတ် ပြီး ဥပဒေ ပုဒ်မ ၅၀၅ အမှု အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ပါ တရားစွဲ ခံထားရတယ်လို့ ကလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောပါတယ်။
2022-01-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်မှာ စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီ ဘက်က လက်တုံံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး အမြောက်အများဟာ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်ကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။