သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-27
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၂၂ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တို့မှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ် အနည်းဆုံး ၆၇ ခု ရှိခဲ့ပါတယ်။
2022-12-27
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးဆိုင်ရာမဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန်က ပင်လယ်ပြင်မှာ ဘယ်လောက်အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီးအရေးယူတာတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။
2022-12-27
ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခရီခမ်ခရိုင်မှာ ကားနှစ်စီးကို မသင်္ကာလို့ ထိုင်းအာဏာပိုင်တွေက စစ်ဆေးခဲ့ရာမှာ မြန်မာလုပ်သားတွေ၊ ထိုင်းပွဲစားတွေနဲ့အတူ မြန်မာလုပ်သားတစ်ဦးဆီက နှစ်ကီလိုဂရမ်ရှိတဲ့ မူးယစ်ဆေးဝါးပါ ဖမ်းဆီးခံလိုက်ရတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
2022-12-27
အဲဒီလူငယ်ရှစ်ဦးက အမိန့်ချမှတ်တဲ့ တရားသူကြီးကို ရုပ်သေးရုပ်တစ်ရုပ်နဲ့ စာတစ်စောင်ပေါ်မှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ သို့သော်စစ်ဖိနပ်တစ်ရံ ရှိတယ်ဆိုတဲ့ စာရွက်တစ်ရွက်ကို လက်ဆောင်ပေးပြီး တရားစီရင်ရေးကို ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။
2022-12-27
ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅ဝဝ နီးပါးရှိပြီး သူတို့ကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
2022-12-27
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၂၂ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တို့မှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ် အနည်းဆုံး ၆၇ ခု ရှိခဲ့ပါတယ်။
2022-12-27
၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးတစ်နှစ်အတွင်း စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးတဲ့ ကလေးသူငယ် ၁၁ဝ ရှိခဲ့ရာက ၂၀၂၂ ခုနှစ် နှစ်မကုန်ခင်မှာပဲ အဲဒီလိုနှိမ်နင်းတိုက်ခိုက်မှုတွေကြားမှာ သေဆုံးရတဲ့ ကလေးငယ်အရေအတွက်ဟာ နှစ်ဆကျော် တိုးလာခဲ့ပါတယ်။
2022-12-27
၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးတစ်နှစ်အတွင်း စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးတဲ့ ကလေးသူငယ် ၁၁ဝ ရှိခဲ့ရာက ၂၀၂၂ ခုနှစ် နှစ်မကုန်ခင်မှာပဲ အဲဒီလိုနှိမ်နင်းတိုက်ခိုက်မှုတွေကြားမှာ သေဆုံးရတဲ့ ကလေးငယ်အရေအတွက်ဟာ နှစ်ဆကျော် တိုးလာခဲ့ပါတယ်။
2022-12-27
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား ဒီဇင်ဘာလ ၂၇ ရက် ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-27
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ တစ်နှစ်ကျော်ကြာ တရားစွဲဆိုခံခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာဒေသခံ ၁၈ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-12-27
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဒွန်ဘန်အကျဉ်းထောင်မှူးဟောင်း ဦးကိုင်ဇာလျန်ကို ဒီဇင်ဘာလ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်မှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ UG BLACK K အဖွဲ့က ပြောပါတယ်။
2022-12-27
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရေဇင်းရွာက အရပ်သား ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရေဇင်းရွာဒေသခံတွေက ဒီဇင်ဘာလ ၂၇ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။
2022-12-27
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် နှစ်ဖက်အပစ်ရပ်တာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တစ်လပြည့်ခဲ့ပါပြီ။
2022-12-27
ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း မဲစာရင်းပြုစုရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေ ပါဝင်ပေးဖို့ စစ်ကောင်စီဘက်က ပြောဆိုတယ်လို့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။
2022-12-27
ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီပေးရေးပါဝင်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို စစ်ကောင်စီက အပြင်းအထန်ကန့်ကွက်တယ်လို့ ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။