သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-27
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဘုရားထွက်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၆ ရက်မှာ စီးနင်းခဲ့ပြီး ဒေသခံအမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-26
မြန်မာပြည်သူတွေအတွက်တော့ ၂ဝ၂၂ ခုနှစ်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း လူ့အသက်တွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဝတွေ ဆုံးရှုံးပျက်သုဉ်းခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ…။
2022-12-26
၂၀၂၂ တစ်နှစ်လုံးကို ခြုံကြည့်မယ်ဆိုရင် အလုပ်သမားတွေဟာ ဥပဒေရဲ့အကာအကွယ်မရတော့ဘဲ အလုပ်သမားအခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံခဲ့ရပြီး ဒါကအလုပ်သမားတွေ အတွက် အဆိုးဆုံး ပြဿနာရပ်ဖြစ်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကာယကံရှင် အလုပ်သမားတွေက တစ်ညီတစ်ညွတ်တည်း ပြောပါတယ်။
2022-12-26
၂၀၂၂ တစ်နှစ်လုံးကို ခြုံကြည့်မယ်ဆိုရင် အလုပ်သမားတွေဟာ ဥပဒေရဲ့အကာအကွယ်မရတော့ဘဲ အလုပ်သမားအခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံခဲ့ရပြီး ဒါကအလုပ်သမားတွေ အတွက် အဆိုးဆုံး ပြဿနာရပ်ဖြစ်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကာယကံရှင် အလုပ်သမားတွေက တစ်ညီတစ်ညွတ်တည်း ပြောပါတယ်။
2022-12-26
မကွေးတိုင်း၊ ဆော့မြို့နယ်က ညောင်ကန်ရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ဒီနေ့နေ့လယ်နှစ်နာရီဝန်းကျင်က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-26
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကော်ဘရာစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သေနတ် အလက် ၅၀ ထောက်ပံ့ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
2022-12-26
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား ဒီဇင်ဘာလ ၂၅ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားဝန်းကျင် ကျေးရွာ ခုနစ်ရွာက အရပ်သားနှစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-26
ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို ဒီဇင်ဘာလ ၂၆ ရက်က အင်းစိန်ထောင်တွင်း တရားရုံးကနေ အီလက်ထရွန်နစ်ဥပဒေပုဒ်မ ၃၃ (က) အရ ထောင်ငါးနှစ် ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-26
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာက အရပ်သား ရှစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၇ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သူတို့ရဲ့ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၂၅ ရက် မနေ့က ခရစ္စမတ်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-26
အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ အမှုငါးခုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဒီဇင်ဘာလ ၃၀ ရက် ယခုတစ်ပတ် သောကြာနေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-12-26
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် နန်းတော် ပုဂ္ဂလိကဆေးရုံမှာ ရှိနေချိန်မှာ ဒေါက်တာဝင်းခိုင်ကို စစ်ကောင်စီတပ်က လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လာဖမ်းသွားတာလို့ ဆိုပါတယ်။
2022-12-25
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်၊ မိုးသောက်ကျေးရွာအုပ်စုက ရွာငါးရွာကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၈၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
2022-12-25
ပင်လယ်ထဲမှာ တစ်လနီးပါးကြာမျောနေတဲ့ ရိုဟင်ဂျာ စက်လှေတစ်စီးဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် Krueng Raya ကမ်းခြေကို ရောက်ရှိလာခဲ့ပါတယ်။
2022-12-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမြင်သဘောထားမတူ ကွဲပြားခြားနားနေခြင်းမှာ စစ်ကောင်စီရဲ့သပ်လျှိုမှုဟာ အခရာကျတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတွေ သွေးစည်းသွားမှာကို ဟန့်တားနိုင်ဖို့လို့ ဆိုပါတယ်။
2022-12-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမြင်သဘောထားမတူ ကွဲပြားခြားနားနေခြင်းမှာ စစ်ကောင်စီရဲ့သပ်လျှိုမှုဟာ အခရာကျတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတွေ သွေးစည်းသွားမှာကို ဟန့်တားနိုင်ဖို့လို့ ဆိုပါတယ်။