သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-25
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၃ ရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် ၁၄၀၀၀ ကျော်အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2022-12-25
မကွေးတိုင်း၊ မြိုင်မြို့နယ် ဖောင်းကွဲနဲ့ ကျောက်ဆောက်(တောင်) က ရွာခံငါးဦးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပခုက္ကူဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်း ရွာထဲဝင်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-25
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF) တပ်ဖွဲ့ဝင်ကိုးဦးနဲ့ ဒေသခံနှစ်ဦး စုစုပေါင်း ၁၁ ဦး သတ်ဖြတ်ခံရမှုအတွက် KNPLF အပါအဝင် ကရင်နီ တပ်မတော်(KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) တို့ ပူးပေါင်း စစ်ဆေးမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ဒီဇင်ဘာ ၂၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-12-25
ထောင်ဒဏ် ၁၁ နှစ်ချခံထားရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီရဲ့ ထားဝယ်ထောင် အထူးတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ နောက်ထပ် ထောင်တစ်နှစ် ထပ်ချလိုက်တယ်လို့ ထားဝယ်လူထုသပိတ် ကော်မတီက ပြောပါတယ်။
2022-12-25
အခုရက်ပိုင်းအတွင်း နေပြည်တော်မှာတွေ့ဆုံဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ရဲ့ တွေ့ဆုံပွဲ ပျက်သွားပြီလို့ အဲဒီအဖွဲ့တွေက RFA ကိုပြောပါတယ်။
2022-12-24
ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့မနက် အစောပိုင်း ၃ နာရီမှာ ကြို့ပင်ကောက်မြို့က နေအိမ်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ လာဖမ်းသွားတယ်လို့ ဦးကျော်ဇေယျရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2022-12-24
အခုနှစ် မြန်မာနိုင်ငံမှာ ပြည်သူ ၁၅ သန်းနီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံနေရပြီး၊ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-12-24
အခုနှစ် မြန်မာနိုင်ငံမှာ ပြည်သူ ၁၅ သန်းနီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံနေရပြီး၊ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-12-24
လက်ပံတောင်းဒေသက ကျေးရွာအများစုဟာ လျှပ်စစ်မီးမရှိကြဘဲ အမှောင်ထုထဲမှာ နေနေရတယ်လို့ ဆိုပါတယ်။
2022-12-24
ဒါဟာ တရုတ်နိုင်ငံအပေါ် ပြင်းထန်တဲ့ ရန်စမှုတစ်ခုလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
2022-12-24
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်ကဖြစ်ခဲ့တဲ့ အဲဒီသေဆုံးမှုအတွင်း အသက် ၁၈ နှစ်အောက် ကလေးသုံးဦး၊ Save The Children အဖွဲ့ ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ၄၅ ဦးနဲ့ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့တာလို့ ကရင်နီရဲတပ်ဖွဲ့ (KSP) က အတည်ပြုထားပါတယ်။
2022-12-24
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၂၀ လောက် ဒီကနေ့မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ရွာထဲဝင်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-24
ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာရွာက အဆောက်အအုံတွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ရွာသားတွေကို ပြောခဲ့ကြောင်း ကုန်းသာဒေသခံတွေက RFA ကိုပြောပါတယ်။
2022-12-24
ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းက ထီးချိုင့်မြို့နယ်ထဲက ပေါက်ကုန်းရွာကို အင်အား ၇၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်လာပြီးနောက် ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-24
တိုက်ပွဲမရှိဘဲ လှမ်းပစ်တာဖြစ်ပြီး လက်နက်ကြီးကျည်ထိတဲ့ မြေးအဘွားနှစ်ဦးအနက် မြေးဖြစ်သူ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။