သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-31
စစ်အာဏာသိမ်းတစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် နေရာအချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
2022-01-31
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲလာနေပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုတွေအပြင် လုံလောက်တဲ့ အထောက်အပံ့ မရတာ၊ အပြင်ထွက် အလုပ်လုပ်ကိုင်ဖို့လည်း လုံခြုံမှု မရှိတာတွေကြောင့် နေထိုင်စားသောက်ဖို့ ခက်ခဲလာနေတာပါ။
2022-01-31
စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး အစိုးရဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့သူတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲကြားကနေ ရုန်းကန်နေကြရပါတယ်။
2022-01-31
အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရရှိရေးလှုပ်ရှားသူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကြမ်းတမ်းစွာ ဖိနှိပ်ရက်စက်မှုတွေကို ကမ္ဘာအနှံ့ ပြစ်တင်ရှုတ်ချနေပေမယ့် ရပ်တန့်သွားခြင်းမရှိပါဘူး။ သူတို့ဘာကြောင့် ဒီလိုလူမဆန်မှုတွေကို ကျူးလွန်နေကြတာလဲ။ တပြိုင်နက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လိုလားသူတွေဘက်ကို ကူးပြောင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အရေအတွက်ကလည်း တနေ့တခြား တိုးပွားများပြားလာနေတယ်လို့ ပြောကြပါတယ်။
2022-01-31
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လေ့လာစုံစမ်းပြီး မှတ်တမ်းတင်ဖို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား IIMM ဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
2022-01-31
မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေနဲ့ပတ်သက်ပြီး FEM လို့ခေါ်တဲ့ Free Expression Myanmar လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2022-01-31
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိနေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ရွေးကောက်ပွဲကျင်းပဖို့ လိုနေသေးတာကြောင့် အရေးပေါ်အခြေအနေကာလကို ၆ လ သက်တမ်း ထပ်တိုးဖို့ မနေ့ကကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတဲ့အကြောင်း ယာယီသမ္မတဦးမြင့်ဆွေရဲ့လက်မှတ်နဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
2022-01-31
မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးအပါအဝင် လူပုဂ္ဂိုလ် ၇ ဦးနဲ့၊ စီးပွားရေး လုပ်ငန်း နှစ်ခုကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲမှာ ထပ်ပြီးထည့်သွင်းလိုက်ပါတယ်။
2022-01-31
ရေစကြိုမြို့နယ် အခြေစိုက် (၂၅၈) တပ်ရင်းက စစ်သားတစ်ဦး ဇန်နဝါရီ ၃၀ ရက်နေ့က ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ လာရောက် ပူးပေါင်းခဲ့ပါတယ်။
2022-01-31
ကလေးမြို့ NLD ပါတီ လွှတ်တော်အမတ်တွေရဲ့ အိမ်တွေကို ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၉ ရက်မှာ စစ်တပ်က ချိတ်ပိတ်ခဲ့ပါတယ်။
2022-01-31
ဖာပွန်မြို့နယ်မှာ BGF ရဲ့ လက်နက်ကြီးကျည်ကြောင့် သုံးလအရွယ် ကလေးနဲ့ မိန်းကလေးတစ်ယောက် သေဆုံးသွားပါတယ်။
2022-01-31
ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ လေကြောင်းသုံး တိုက်ခိုက်နေတဲ့နေရာတွေမှာ လေကြောင်းကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့၊ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်း တင်သွင်းမှု ရပ်တန့်ပေးဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။
2022-01-31
အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ဟာ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ခွင့်မရဘူးဆိုရင် စစ်တပ်အတွက် ထွက်ပေါက်ပေးသလိုသာဖြစ်လိမ့်မယ်။
2022-01-31
ဒီတစ်ပတ်မှာတော့ စစ်အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ သုံးသပ်ဆွေးနွေးမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးလို့ နိုင်ငံရဲ့အခြေအနေကို ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ အဲဒီတော့ သူတို့ ပြောခဲ့သလိုတိုင်းပြည် တည်ငြိမ်အောင် တကယ်ထိန်းသိမ်းနိုင်ခဲ့သလား၊ နိုင်ငံရဲ့ အခြေအနေ တိုးတက်ခဲ့ပါသလား၊ ပြည်သူတွေ လိုချင်နေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး မြန်မြန်ဆန်ဆန် ဖြစ်နိုင်မလားဆိုတာတွေ ဆွေးနွေးမှာပါ။
2022-01-31
နေရပ်ပြန်ဖို့ခက်တဲ့ မြန်မာဒုက္ခသည် သုံးထောင်ကျော် ဟာ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ယာယီတဲတွေ နဲ့ ဆက်လက်နေထိုင်ရပါတယ်။