သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-31
ဗီဒီယိုလေးတွေဖန်တီးတင်ဆက်ရတာ ပန်းချီဒီဇိုင်းရေးဆွဲရတာတွေ ဝါသနာပါတဲ့ ပရဟိတသမား လူငယ်လေးတစ်ယောက်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံခဲ့ရပါတယ်။
2022-10-31
မြဝတီအခြေစိုက် ဒီအလုပ်စခန်းတွေမှာ ဖြားယောင်းခေါ်ဆောင်လာပြီး အတင်းအကျပ်စေခိုင်းခံနေရတဲ့ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသား ရာနဲ့ချီ ရှိနေကြောင်း လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားတွေက ပြောတယ်လို့လည်း ဆိုပါတယ်။
2022-10-31
PDFတွေကို ဆေးဝါးထောက်ပံ့လို့ဆိုပြီး အာဏာရှင်ဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေးဆေးတက္ကသိုလ်ခွဲစိတ်ဌာနက ခွဲစိတ်ကထိကဦးမင်းဇော်ဦး အပါအဝင် သူနာပြုနဲ့ သားဖွားဆရာမ စုစုပေါင်းငါးဦးကို စစ်ကောင်စီက မန္တလေးမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
2022-10-31
သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်တပ်ဟာ ၁၉၈၀ ခုနှစ်ဝန်းကျင်က ပဲခူးတိုင်း၊ ထုံးဘိုမှာရှိတဲ့ ဓာတုလက်နက်ထုတ်စက်ရုံကနေ ဆာလဖာဓာတုအဆိပ် (sulfur mustard) တွေ စမ်းသပ်ထုတ်လုပ်ခဲ့ဖူးတာမို့ စစ်ကောင်စီကို မျက်ခြေမပျက်ဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
2022-10-31
ဗုံးပေါက်တဲ့အချိန် အနားမှာရှိနေတဲ့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရုံးက ဝန်ထမ်းတစ်ဦး သေဆုံးခဲ့တယ်လို့ ဧရာရပ်ကွက်နေ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2022-10-31
အနန့်ပါရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီဂိတ်တွေမှာ စစ်ဆေးမှုတင်းကျပ်နေလို့ အခုလို စက်သုံးဆီပြတ်လပ်နေတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-10-31
ဦးဝင်းမြင့်လှိုင်ကို မကွေးတိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ရှစ်ခုနဲ့ ထောင်ဒဏ် ၁၄၈ နှစ် ထပ်မံချမှတ်လိုက်တာပါ။
2022-10-31
ဧရာဝတီသတင်းဌာန တာဝန်ရှိသူတွေကတော့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သူတို့ သတင်းဌာနကို ပြည်တွင်းမှာ ဆက်လက်မလည်ပတ်တော့သလို စစ်ကောင်စီရဲ့ ဒီကြေညာချက်အပေါ်မှာလည်း အံ့သြစရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
2022-10-31
စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းတပ်ဆင်နေချိန် သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် လူငယ်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-10-31
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) အဖွဲ့ဝင်နှစ်ဦးကို မိထ္ထီလာအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀၀ ကျော်နဲ့အတူ သေဒဏ်ပါ ချမှတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၃၁ ရက် ဒီနေ့ RFA ကိုပြောပါတယ်။
2022-10-31
အောက်တိုဘာလ ၁၇ ရက်နေ့က မုံရွာထောင်နဲ့ မန္တလေးထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလုပ်ကြမ်း ခိုင်းစေခဲ့ပြီး ငြင်းဆန်သူတွေ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတယ်လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2022-10-31
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းနှစ်ဦးအပြင် တောင်ကုတ်နဲ့ အမ်းမြို့နယ်က ဒေသခံငါးဦးကို ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းက အောက်တိုဘာ ၃၀ ရက်နေ့ မနေ့မှာ ဖော်ပြထားပါတယ်။
2022-10-31
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ သုံးလလောက်ရှိပါပြီ။ လက်ရှိမှာ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးတာကြောင့် ရေရှည်အတွက် ကြုံရာကျပန်းအလုပ်တွေနဲ့ ရပ်တည်စားသောက်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-10-31
စစ်ကောင်စီက IUF အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ကြေညာတဲ့ အောက်တိုဘာ ၃၀ ရက်ညမှာပဲ အင်းလျားမြို့ပြပြောက်ကျားအဖွဲ့ (IUF) ကလည်း သူတို့အဖွဲ့ဝင်တွေ အဖမ်းခံထားရတယ်၊ စစ်ကြောရေးကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်အဖွဲ့ဝင်တွေကတော့ ထိုင်း - မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
2022-10-31
မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၁ ဒသမ ၄ သန်းရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာ ၃၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။