သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-30
“လွတ်လာတာ အရမ်းပျော်တယ်။ ဒါပေမဲ့ အကျဉ်းကျနေတဲ့ ငါ့မြန်မာသူငယ်ချင်းတော်တော်များများအပါအဝင် လူအမြောက်အမြားမပါဘူးဆိုတာ သတိပြုမိတယ်။ သေချာတာတော့ တစ်ပြည်လုံးစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အကျဉ်းချခံနေရဆဲပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းစိုးရိမ်တယ်။”
2022-11-30
AAနဲ့ စစ်ကောင်စီအကြား ယာယီအပစ်အခတ်ရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီး NUG အနေနဲ့ AA အပေါ် နားလည်ကြောင်း၊ ဒါဟာ စစ်ကောင်စီနဲ့ ရွှေလမ်း ငွေလမ်းဖောက်တာမဟုတ်ကြောင်းနဲ့ AA အနေနဲ့ တော်လှန်ရေးကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း သူကပြောပါတယ်။
2022-11-30
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အဆောက်အအုံနားမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေကို ဖြတ်တောက်ဖို့ တာဝါတိုင် ၁၂ တိုင် ထောင်ထားတယ်လို့ မစ္စတာရှောင်တားနဲလ်က Financial Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
2022-11-30
ရွာသုံးရွာက ဒေသခံ ခြောက်ထောင်ခန့် လုံခြုံရေးအခြေအနေနဲ့ အိုးအိမ်ဆုံးရှုံးမှုတွေကြောင့် အခုချိန်ထိ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-30
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ရှန်တိန်စနစ် အပြောင်းအလဲကြောင့် ဗန်းမော် - လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုတွေ သိသိသာသာ လျှော့ကျသွားတယ်လို့ နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။
2022-11-30
ရဲတပ်ဖွဲ့အင်အား ၃၀ လောက်ရှိတဲ့ တောချောင်းဦး ရဲစခန်းကို တစ်နာရီကျော်အကြာ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြင်းခြံခရိုင်၊ ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇ တာဝန်ခံက RFA ကို ပြောပါတယ်။
2022-11-30
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ဂျပန်နိုင်ငံကနေ မြန်မာအလုပ်သမား ပြန်လည်ခေါ်ယူတဲ့ ၂၀၂၂ မတ်လကစလို့ အခုနိုဝင်ဘာလအထိ ၉ လအတွင်း ဂျပန်မှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ မြန်မာလုပ်သား တစ်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
2022-11-30
နိုဝင်ဘာ ၂၈ ရက်နေ့မှာ အဲဒီရပ်ကွက်ငါးခုမှာရှိတဲ့ စေတီပုထိုးတွေအပါအဝင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေကို ဖျက်ပေးဖို့ စစ်ကောင်စီက မြို့နယ်သံဃနာယက ကနေတစ်ဆင့် အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။
2022-11-30
KIA နဲ့ PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ကချင် ပြည်နယ်တို့မှာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့တဲ့ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်ပါတယ်။
2022-11-30
ဒေါက်တာပြည့်ဖြိုးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (က) နဲ့ထောင်ဒဏ် ၁၁ နှစ်၊ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၁ နှစ်၊ ၅၂ (က) နဲ့ ထောင်ဒဏ် လေးနှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ပြီး ပြစ်မှုတွေကို တစ်ပေါင်းတည်း ကျခံဖို့အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
2022-11-30
ရှရှားနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာတွေမှာပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၂၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2022-11-30
မြေမြှုပ်မိုင်းတွေ ကျန်နေသေးသလို စစ်တပ်က ပစ်ခတ်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး အကြွင်းအကျန်တွေလည်း ရှိနိုင်သေးတာကြောင့် ရွှေပြည်သာ၊ ရွာသစ်၊ ရွာသာ၊ ကြို့ကန်၊ မြေနီသျှို အစရှိတဲ့ ရွာတွေမှာနေတဲ့ ဒေသခံတွေ သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
2022-11-30
မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အားကစားကွင်းဘေးမှာရှိတဲ့ လူဦးရေ သုံးရာဝန်းကျင် နေထိုင်ကြတဲ့ နေအိမ် ၁၀၀ လောက်ကို ကျူးကျော်အိမ်တွေဆိုပြီး နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ ဖျက်ဆီးဖယ်ရှားသွားတယ်လို့ မရမ်းကုန်းမြို့ခံတွေက ပြောပါတယ်။
2022-11-29
ဒီဒုက္ခသည်တွေဟာ တစ်နှစ်နီးပါးအတွင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေရဲ့ အကူအညီနဲ့ ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။
2022-11-29
ဒါပေမဲ့ အဲဒီတပ်ဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်ရှိသလောက် ခေတ်မီလက်နက်တွေ မကိုင်နိုင်သေးတဲ့အကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ တပ်ရင်းမှူးက ပြောပြပါတယ်။