သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-31
ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် ၁၆ ဟာ ဗာတီကန်မြို့က သူ့ရဲ့နေအိမ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ ကျန်းမာရေးမကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးရာထူးက အနားယူခဲ့တာ ဆယ်စုနစ်တစ်ခု ရှိခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။
2022-12-31
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကန့်ကွက်လိုက်ပြီး မတရားတဲ့ဥပဒေတွေ ချမှတ်နေတဲ့ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ဒီဇင်ဘာ ၃၁ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
2022-12-31
ဒီဥပဒေ အတည်မပြုခင်က မှတ်ပုံတင်မရှိဘဲ လှုပ်ရှားနေတဲ့ အဖွဲ့တွေဟာ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။ ဒါကြောင့် ဇန်နဝါရီလကစပြီး မှတ်ပုံတင်မရှိတဲ့ အဖွဲ့တွေ၊ မှတ်ပုံတင်သက်တမ်း ကျော်လွန်နေတဲ့အဖွဲ့တွေ လှုပ်ရှားသွားလာရင် အရေးယူခံရတော့မှာပါ။
2022-12-31
၂ဝ၂၂ ခုနှစ် တစ်နှစ်တာအတွင်း ကွယ်လွန်သွားကြတဲ့ နိုင်ငံရေးနဲ့ စာပေနယ်ပယ်က အထင်ကရ ပုဂ္ဂိုလ်တွေအကြောင်း စုစည်းထားပါတယ်။
2022-12-31
၂ဝ၂၂ ခုနှစ် တစ်နှစ်တာအတွင်း ကွယ်လွန်သွားကြတဲ့ နိုင်ငံရေးနဲ့ စာပေနယ်ပယ်က အထင်ကရ ပုဂ္ဂိုလ်တွေအကြောင်း စုစည်းထားပါတယ်။
2022-12-31
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါရွာက စိန်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းထဲမှာရှိတဲ့ မူကြိုကျောင်းအနီးကို ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၃ နာရီကျော်ခန့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-31
ဂျက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
2022-12-31
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်က တိုရွာ၊ တန်းရှင်းရွာနဲ့ သင်္ကန်းတောရွာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-31
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက ကြည်ရွာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒုတိယအကြိမ် မီးထပ်ရှို့ခံရပြီး ဒီဇင်ဘာတစ်လအတွင်း ရွာပေါင်း ၃၀ ခန့်က နေအိမ်သုံးထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2022-12-30
ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက ထပ်တိုးထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြု စော်ကားလိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့လည်း အမေရိကန်က တောင်းဆိုလိုက်ပါတယ်။
2022-12-30
ပြည်တွင်းပြည်ပမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီအပေါ် အနိုင်ရရှိနေပြီဖြစ်ပြီး လာမယ့် ၂ဝ၂၃ ခုနှစ်မှာ အင်မတန်ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုတွေကို မြန်မာပြည်သူတွေ ခံစားရရှိနိုင်ရေးအတွက် မိမိတို့ လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
2022-12-30
အမေရိကန်အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုဥပဒေထဲမှာ မြန်မာနိုင်ငံမှာကြုံနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ထိုင်းနိုင်ငံကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးအပ်ရာမှာ သုံးစွဲမယ့်အကြောင်း ဖော်ပြထားပါတယ်။
2022-12-30
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက နောက်ဆုံးလက်ကျန်အမှုတွေအတွက် ဒီဇင်ဘာ ၃ဝ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၇ နှစ် ထပ်တိုးချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ကျခံရဖို့ရှိနေပါတယ်။
2022-12-30
၂ဝ၂၃ ခုနှစ်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့ဟာ ၇၅ နှစ် ပြည့်မြောက်တာဖြစ်လို့ စိန်ရတုအထိမ်းအမှတ် ဖြစ်ပါတယ်။ အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့နေ့ဖြစ်ပေမယ့် မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီးလည်း ထက်ကြပ်မကွာ ဖြစ်ပေါ်လာပါတယ်။
2022-12-30
သတ်ဖြတ်ခံထားရတဲ့ သူတို့သုံးယောက်ရဲ့ စစ်ကောင်စီတပ်သားတွေက ရွာလမ်းဘေးနဲ့ ချောင်းတစ်ခုထဲမှာ စွန့်ပစ်ခဲ့တာကြောင့် ပုပ်ပွနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။