သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-28
လမ်းတွေပေါ်ထွက် ဆန္ဒပြရတာ ရေရှည်မှာ အန္တရာယ်ရှိလာတာကြောင့် ရွေးချယ်မှု အသစ်အဖြစ် တောတောင်တွေထဲက လက်နက်ကိုင်အဖွဲ့တွေရှိရာ သွားရောက်ပူးပေါင်းပြီး တိုက်ခိုက်ရေးသင်တန်းတွေ တက်ရောက်ခဲ့ကြပါတယ်။
2022-02-28
ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ် နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ တိုက်တွန်းမှုကြောင့်သာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ကြောင်း စစ်ကောင်စီက ငှားရမ်းထားတဲ့ ရှေ့နေတွေဘက်က လျှောက်လဲချက်ကို ဂမ်ဘီယာ နိုင်ငံက ငှားရမ်းထားတဲ့ ရှေ့နေ Paul Reichler က မနေ့က ကြားနာစစ်ဆေးပွဲ နောက်ဆုံးနေ့မှာ ပြန်လည်ချေပ လျှောက်လဲချက် ပေးခဲ့ပါတယ်။
2022-02-28
စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်တွေဟာ လက်တွေ့မကျတဲ့ ထုတ်ပြန်ချက်တစ်ခုသာ ဖြစ်တာကြောင့် ယုံနိုင်စရာ မရှိဘူးလို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒို စောတောနီး က ပြောပါတယ်။
2022-02-28
ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာရှိတဲ့ ရွာလေးရွာ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2022-02-28
စစ်ကြောင်းယာဉ်တန်း အလစ်ဝင်တိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးပြီး အများအပြားလည်း ဒဏ်ရာရသွားကြတယ်လို့ CDF ဘက်က ခန့်မှန်းပါတယ်။
2022-02-28
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံရှာယာန်ကျေးရွာက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံ ငါးထောင်ကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-28
NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေဝင်းမြင့် နေအိမ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချိပ်ပိတ်ခံလိုက်ရပါတယ်။
2022-02-28
စစ်ကိုင်းတိုင်းထဲက ချင်းပုန်းရွာမှာ ဖမ်းဆီးခံထားရတဲ့ မူကြိုကလေး ၁၀၀ ခန့်နဲ့ ဒေသခံတွေဟာ ဒီမနက်က အဲဒီရွာထဲ တပ်စွဲထားတဲ့ စစ်တပ် ထွက်ခွာသွားတာကြောင့် အားလုံးပြန်လွတ်မြောက် လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2022-02-28
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိအမှုအတွက် စွဲချက်တင်ခံလိုက်ရပါတယ်။
2022-02-28
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင် ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပါတယ်။
2022-02-28
စစ်ပွဲအတွင်း နစ်နာသူတွေအနေနဲ့ "စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်" ကို တိုင်ကြားနိုင်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။
2022-02-28
ထောင်နှစ်နှစ်ကျော် ချမျတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့မှာ အင်းစိန်ထောင်တွင်းရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခံလိုက်ရပါတယ်။
2022-02-28
ပူတာအိုမြို့မှာ စက်သုံးဆီတွေပြတ်လပ်လာပြီး မိုဘိုင်းဖုန်းလိုင်းတွေပါ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2022-02-28
မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ ပြန်ကြားရေးဌာနရုံးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီနေ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
2022-02-28
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသ၊ သပြေအေးရွာနဲ့ ကျောက်ပြုတ်ရွာတွေအနီးကို ဖေဖော်ဝါရီလ ၂၈ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် လေးစီးနဲ့ တစ်နာရီခွဲကြာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။