သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-31
တော်လှန်ရေးနေ့ကျရောက်တဲ့ မတ်လအတွင်း စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံလူထုအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အခုရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်ကသာ ပိုမိုထိခိုက်ခဲ့တယ်လို့ PDF ခေါင်းဆောင် ဗိုလ်နဂါးက RFA ကို မနေ့ညက ပြောပါတယ်။
2022-03-31
သူဖမ်းဆီးခံရချိန်က လက်နဲ့ခြေထောက်တွေမှာ ရော်ဘာကျည်ထိမှန်တဲ့ဒဏ်ရာကြောင့် ညာဘက် လက်ကောက်ဝတ် အထက်နားကနေ ဖြတ်ပစ်ခဲ့ရပါတယ်။ ယမ်းစထိမှန်ပြီး သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခံထားရတဲ့ ညာဘက်မျက်လုံးလည်း ကွယ်ခဲ့ရတာပါ။
2022-03-31
အကြမ်းဖက်လုပ်ရပ်ကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2022-03-31
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ရှားလွင်ရွာနဲ့ ကုလားလူးရွာတွေကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေဝင်လာပြီး နေအိမ် ၈၁ လုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-03-31
သူတို့တွေဟာ နိုင်ငံပိုင် အဆောက်အဦးတွေကို ဖျက်ဆီးခဲ့တယ်၊ လက်နက်ငယ်၊ လက်လုပ်မိုင်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်၊ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။
2022-03-31
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က အသက် ၃၀ အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးဟာ ထောင်ဒဏ် ၂၁ နှစ်ခွဲ ချခံထားရတဲ့အပြင် ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က RFA ကို ပြောပါတယ်။
2022-03-31
မလင်းလင်းဟာ နှလုံးမကောင်းလို့ ထောင်တွင်းမှာ ဆေးကုသနေရတဲ့အတွက် ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဆိုထားပါတယ်။
2022-03-31
မြန်မာစစ်တပ်ကို ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့ထားပေမယ့် ရွက်လှေထုတ်လုပ်တဲ့ အီတလီနိုင်ငံက ဖာရပ်တီအုပ်စုဆီ မြန်မာနိုင်ငံက ကျွန်းသစ်တွေကို တရားမဝင် တင်သွင်းနေတယ်လို့ EIA သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
2022-03-31
ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင် အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေ အတွက် သိသိသာသာ လျော့နည်းလာတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
2022-03-31
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အခု မတ်လကုန်အထိ အချိန်တစ်နှစ်ကျော်အတွင်း RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၀၀ ကျော်အထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၀၀ ကျော် ပါဝင်ပါတယ်။
2022-03-31
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၀(ည) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသမီးသုံးဦးကို မတ်လ ၃၁ ရက်နေ့ ဒီကနေ့မှာ သံတွဲမြို့ ခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်
2022-03-31
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ ထောင် သုံးနှစ် ချမှတ်ခံ ထားရတာကြောင့် စုစုပေါင်း ထောင် ငါးနှစ် ကျခံရမှာပါ။
2022-03-31
စစ်အာဏာသိမ်းပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ လုံခြုံရေးတင်းကျပ်စွာ စတင်လိုက်ပါတယ်။
2022-03-31
ဒေါ်အောင်ဆန်းစုကြည်ဟာ သူထိန်းသိမ်းခံနေရတဲ့နေရာက လူတချို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့တာ ကြောင့် ကွာရန်တင်း (အသွားအလာကန့်သတ်) ဝင်ခဲ့ရာကနေ မတ်လ ၃၁ ရက်နေ့ ဒီနေ့ တရားရုံးချိန်း ကိုတော့ လူကိုယ်တိုင်လာရောက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-03-31
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီး ဖြစ်သူ ဒေါ်မိမိခိုင် တို့ကို စစ်ကောင်စီတပ်သားတွေက မတ်လ ၃၀ ရက်၊ မနေ့က ည ၁၀ နာရီလောက်မှာ ပစ်ခတ် ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။