သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-30
ရှမ်းလူမျိုးတွေရဲ့ အကျိုးကိုဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်ခဲ့သူ ဦးခွန်ထွန်းဦး ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ရန်ကုန်မြို့ ၉ မိုင်က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2022-04-30
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ဒေသခံ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီက ပေါက်ကွဲပုဒ်မနဲ့ စွပ်စွဲပြီး ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်လို့ ဧပြီ ၂၉ ရက် မနေ့က ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။
2022-04-30
ကန့်ဘလူမြို့နယ် အင်းငုတ်တိုရွာ က အိမ် ၁၂၃ လုံး၊ ခင်ဦးမြို့နယ် တပင်ကောင်းရွာက အိမ် အလုံး ၃ဝ၊ မြင်းမူမြို့နယ် ကန်တော်ရွာက ၄ဝ၉ လုံး နဲ့ ရွှေဘိုမြို့နယ် ကျားရွာနဲ့ တန့်ဆည်မြို့နယ် တောဂျင်းရွာ တို့ကတော့ ဒေသခံတွေ ထွက်ပြေးနေကြဆဲဖြစ်လို့ မီးလောင်ဆုံးရှုံးမှုစာရင်း အတိကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2022-04-30
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ဦးဆောင်တည်ထောင်ခဲ့သူ ဦးခွန်ထွန်းဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က RFA ကို ပြောပါတယ်။
2022-04-29
မြန်မာပြည်သူလူထုအနေနဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေကို မုန်းတီးရွံရှာတဲ့ စိတ်သဘောထားတွေ ဘာကြောင့် ဘယ်လို တစ်နေ့တခြား တိုးလာနေသလဲ။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ တရုတ်နဲ့ ရှရှားနိုင်ငံတွေရဲ့ ကူညီထောက်ခံမှုနဲ့ အာဏာကို ရေရှည်ထိန်းထားနိုင်မှာလား။
2022-04-29
အောက်လွှတ်တော်အမတ် ရူရှနာရာ အလီရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းတာ ပစ်မှတ်ထားအရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးနေပြီး မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းသုံးခုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။
2022-04-29
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်မှု နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၆ဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပေမယ့် ပြန်လွှတ်ပြီးပြီးချင်းမှာပဲ အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရလို့ အခုလို ဟန်ပြလွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
2022-04-29
တပ်မတော်ဆေးပညာဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ) က သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဟာ ခင်ပွန်းဖြစ်သူ အငြိမ်းစား ဆရာဝန် ဗိုလ်ကြီး သင်းအောင်ထွေးနဲ့အတူ ဒီမိုကရေစီပြည်လည်ရရှိရေး လှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းဖို့အတွက် လွတ်မြောက်နယ်မြေတနေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါပြီ။
2022-04-29
ထိုင်းမှာ အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာအလုပ်သမားတွေ ဆက်သွယ်နိုင်တဲ့ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ စာရင်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးက မနေ့က တရားဝင်ထုတ်ပြန်ပါတယ်။
2022-04-29
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မင်းကံကြီးကျေးရွာအုပ်စု တမာပင်ခွ/သီးကုန်းရွာက နေအိမ် ၁၀၀ ကျော်ကို ဧပြီလ ၂၈ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားပြီး မီးငြိမ်းတဲ့လူတွေကို ပစ်ခတ်တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-04-29
ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်အတွင်း စစ်ကိုင်းတိုင်းအတွင်းက မင်းကင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်က ကျေးရွာတွေမှာ နေအိမ်အလုံးငါးရာကျော် မီးရှို့ခံခဲ့ရပါတယ်။
2022-04-29
ကျောင်းသားများသမဂ္ဂရဲ့ ကော်မတီတာဝန်ခံ စတုတ္ထနှစ်ကျောင်းသား ကိုကောင်းခန့်နိုင်၊ ဒုတိယနှစ်ကျောင်းသားတွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်၊ ကိုသီဟအောင် တို့နဲ့အတူ အသက် ၁၂ နှစ်အရွယ် မောင်သက်ပိုင်စိုး တို့ လေးဦး ဖမ်းဆီးခံလိုက်ရတာပါ။
2022-04-29
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပဲရင်းတောင်ရွာမှာ အခုလ ၁၆ ရက်နေ့က ရွာသား ကိုးဦး PDF လို့ စွပ်စွဲခံရပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
2022-04-29
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အချိန်နှစ်ပတ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ခြေ ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ UN OCHA က ဧပြီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-04-29
ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ်ရှေ့တန်းတပ်စခန်းကို ဧပြီလ ၂၈ ရက် မနေ့ မနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။