သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-31
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ CNF၊ KIA၊ KNPP၊ KNU၊ NUG စတဲ့ အဓိက အင်အားကြီးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ချေမှုန်းမှုကြောင့် ထွက်ပြေးပုန်းရှောင်နေရသူတွေကို စစ်ကောင်စီကတစ်ဆင့် အကူအညီပေးရေးဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။
2022-05-31
သက်ကြီးရွယ်အို အဖိုး၊ အဖွားတွေဟာ တိုက်ပွဲတွေကြားထဲမှာ ပြေးလွှားရပြီး ခံနိုင်ရည်မရှိတဲ့အပြင် ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးရတာလို့ ဒေသခံတွေက ပြောပါတယ်။
2022-05-31
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည် ၇၄ ယောက်ကို ဂျပန်နိုင်ငံက လက်ခံလိုက်ပါတယ်။
2022-05-31
စာသင်ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ် သန်းပေါင်းများစွာကို ကျောင်းပြန်တက်နိုင်အောင် မလုပ်ပေးနိုင်ရင် အဓမ္မလုပ်အားပေးခိုင်းစေမှုအပါအဝင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်ဖို့ Save the children က တောင်းဆိုထားပါတယ်။
2022-05-31
ဒေသခံပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုပြီး အရပ်သားတွေကို အုပ်စုလိုက် အပြစ်ပေးတဲ့ စစ်ရေးဗျူဟာကို ကျင့်သုံးနေတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-05-31
လက်ရှိအစီရင်ခံစာထုတ်တဲ့ ကာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြား တိုက်ပွဲတွေ ပိုပြင်းထန်လာသလို စစ်ပွဲရဲ့အကြွင်းအကျန် မြေမြှုပ်မိုင်းတွေအပါအဝင် ပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေအပေါ် သက်ရောက်မှုဟာ ပိုဆိုးလာနေတယ်လို့ ရေးသားထားပါတယ်။
2022-05-31
ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့သာ ရည်ရွယ်ပြီး လှူတဲ့အကြောင်း ဦးမောင်ဝိတ် က မနေ့က ရုံးချိန်းမှာ ထွက်ဆိုပြီး ရုံးချိန်းပြန်ခါနီးမှာ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့တယ်လို့ သိရပါတယ်။
2022-05-31
မြန်မာစစ်တပ်ရဲ့ အပြင်းအထန်ထိုးစစ်တွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး ကုလသမဂ္ဂနဲ့ အာဆီယံက စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်သွားမယ့်အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ဒီကနေ့ ဝိုင်းပြီး ကန့်ကွက်ခဲ့ကြပါတယ်။
2022-05-31
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံး မှာ မေလ ၃၁ ရက် နေ့လယ် ၂ နာရီလောက်က ဗုံးပေါက်ကွဲခဲ့လို့ ရှစ်ဦး ဒဏ်ရာရခဲ့ပြီး ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-05-31
အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက တစ်ဆင့်ပေးအပ်ဖို့ စီစဉ်တာကို လက်မခံနိုင်ဘူးလို့ NUG အပါအဝင် ကရင်အမျိုးသား KNU၊ KNPP နဲ့ CNFတို့က မေလ ၃၀ ရက် မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2022-05-31
စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ‘၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တိုက်တွန်း ခဲ့ပါတယ်။
2022-05-31
ကရင်ပြည်နယ် သံတောင်ကြီးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ သုံးထောင်ကျော်မှာ တည်ရှိတာကြောင့် ရာသီဥတုအေးမြပြီး တောတောင်သဘာဝအလှတွေနဲ့ ခရီးသွားဧည့်သည်တွေကို စွဲဆောင်နိုင်တဲ့မြို့ ဖြစ်ပါတယ်။
2022-05-31
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းက ဘားလမ်းမှတ်တိုင်အနီးမှာ မေလ ၃၁ ရက် ဒီနေ့ နေ့လယ် ၃ နာရီကျော်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့တစ်ခုက RFA ကို ပြောပါတယ်။
2022-05-31
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က နှစ်ရက်ဆက် မီးရှို့ခံခဲ့ရတဲ့ လည်ငေါက်ကျေးရွာမှာ သေဆုံးသူ အမျိုးသားရုပ်အလောင်း လေးလောင်းတွေ့ရပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းတာကို တွေ့ခဲ့ရတယ်လို့ ယင်းမာပင်မြို့ ဒေသခံတွေက ပြောပါတယ်။
2022-05-31
မကွေး၊ စစ်ကိုင်း၊ ကယား၊ ချင်းနဲ့ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ အခု မိုးရာသီအတွင်း နေထိုင်ရေး၊ စားသောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။