သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-30
စစ်ကောင်စီအနေနဲ့ သူတို့တပ်ဖွဲ့တွေကို စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ ဥကရစ်ထစခန်းကို အလွယ်တကူ စွန့်လွှတ်မှာ မဟုတ်ဘဲ ရာသီဥတုအခြေအနေပေးရင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇေသူအောင် က ထပ်မံသတိပေးပြောကြားပါတယ်။
2022-06-30
တိုင်းရင်းသား ဒေသတွေမှာသာ အရင်က ဝဲပျံတိုက်ခိုက်တဲ့ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အရင်က ယမ်းငွေ့မသန်းခဲ့တဲ့ ဒေသတွေမှာပါ ပစ်မှတ်ထား တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
2022-06-30
လက်ရှိမှာ စစ်တပ်က ပြန်ပေးဆွဲထားတဲ့ ကလေး အနည်းဆုံး ၆၁ ဦးရှိပြီး ဒီနှစ်အတွင်း ကာကွယ်ဆေး ထိုးခွင့်မရလို့ သေဆုံးရတဲ့ ကလေး သုံးသောင်းသုံးထောင်လောက်အထိ ရှိလာနိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုပါတယ်။
2022-06-30
ဝက်လက်မြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်း ၁၈၀၀ ခန့်ရှိပြီး အဲဒီထဲက ၁၄၀၀ လောက်ဟာ CDM ဝင်ထားတယ်လို့ ဘုတ်အဖွဲ့က ပြောပါတယ်။
2022-06-30
မြန်မာစစ်တပ်အနေနဲ့ ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို ရပ်တန်းကရပ်ပြီး၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2022-06-30
ထိုင်း-မြန်မာနယ်စပ် ထိုင်းဝေဟင်ပိုင်နက်ထဲကို မြန်မာတိုက်လေယာဉ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ်နှစ်စင်း အရေးပေါ်ချက်ချင်းတက်ပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်ခဲ့တယ်လို့ ထိုင်းလေတပ်က ထုတ်ပြန်ပါတယ်။
2022-06-30
လန်ချန် - မဲခေါင် အစည်းအဝေးကို ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံက လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်မယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
2022-06-30
အဲဒီဒုက္ခသည်တွေဟာ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်အတွင်း ရွာတွေကဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မေလကစလို့ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထွက်ပြေးလာကြရသူတွေဖြစ်ပါတယ်။ ဒီနေ့အထိ နေရပ်ပြန်လို့ မရသေးတဲ့ ဒုက္ခသည်တွေအတွက် လက်ရှိမိုးတွင်းကာလမှာ အမိုးအကာတွေ ရရှိနိုင်ရေး အရေးတကြီး ဆောင်ရွက်ပေးနေရတယ်လို့ ကိုဗညားက ပြောပါတယ်။
2022-06-30
အခုလို တစ်ပတ်ကြာ ရေယာဉ်လိုင်းတွေ ရပ်နားထားရတာကြောင်း ခရီးသည်တွေအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ အခက်အခဲဖြစ်နေကြတယ်လို့ ရွှေပြည်တန် ရေအမြန်ယာဉ် မန်နေဂျာ ဦးစံမောင်သန်းကပြောပါတယ်။
2022-06-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းနဲ့ မြစ်ကြီးနားမြို့က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်ရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဇွန်လ ၂၉ ရက် မနေ့က ချိပ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။
2022-06-30
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကတစ်ဆင့် မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ နှစ်သန်းကို တရုတ်က ဒီနေ့ထောက်ပံ့ခဲ့ပါတယ်။
2022-06-30
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာအနီးမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေအပါအဝင် ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့က PDF တပ်ဖွဲ့ဝင် ကိုးဦးကို စစ်ကောင်စီ တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force (Wetlet) အဖွဲ့နဲ့ မိသားစုဝင်တွေက ဇွန်လ ၃၀ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောဆိုပါတယ်။
2022-06-30
လူဦးရေ တစ်ထောင့်နှစ်ရာလောက် နေထိုင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု ဇွပ်အောင် စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနီးနားက ရွာတွေမှာ လွန်ခဲ့တဲ့ခြောက်လလောက်ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တပ်တွေ စခန်းလာချထားတာကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2022-06-30
ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသက ဥကရစ်ထစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၃၀ ရက် ဒီနေ့အထိ ငါးရက်အကြာ တိုက်ခိုက်နေပါတယ်။
2022-06-30
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ Kirin ဂျပန်အဖျော်ယမကာလုပ်ငန်းတွေကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ပြန်လည်ရောင်းချမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။