သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-31
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သက်တမ်းခြောက်လ ထပ်တိုးထားပြီးဖြစ်တာကြောင့် ဒီတစ်ကြိမ် ခြောက်လသက်တမ်းတိုးတာဟာ နောက်ဆုံးအကြိမ် သက်တမ်းတိုးခွင့် ဖြစ်ပါတယ်။
2022-07-31
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဇူလိုင်လ ၃၁ ရက် ဒီနေ့မနက်ပိုင်း ပြည်သူသုံးဦးကို သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ကမာရွတ်ဒေသခံတွေက ပြောပါတယ်။
2022-07-31
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်က ရွာတချို့မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ AA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA တို့နဲ့ မပတ်သက်ဖို့၊ မထောက်ခံဖို့ ပြောဆိုတာတွေရှိတဲ့အပြင် ဆက်စပ်သူအချို့ကိုလည်း စစ်ကောင်စီဘက်က အပြင်းအထန် ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-31
အာဏာရှင်ဆန့်ကျင်ရေးကို ဆုံးခန်းတိုင်အောင်သွားဖို့အတွက် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဇူလိုင်လ ၃၁ ရက် ဒီနေ့ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
2022-07-31
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးအားဆီ ဇူလိုင်လ ၃၀ ရက်မနေ့ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
2022-07-31
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မိုးရွာသွန်းပြီး ဂဲတောင်းချောင်း ရေလျှံလာတာကြောင့် ရပ်ကွက် (၁)၊ (၃)၊ (၄) နဲ့ (၅) အပါအဝင် ရပ်ကွက် ခုနစ်ခုခန့် ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။
2022-07-30
ဒီတစ်ပတ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ရာ ကရင်နီဒေသက ကလေးတွေ ထိတ်လန့်ကြောက်ရွံ့မှုတွေကြားမှာ ဘဘ်လိုနေရသလဲ၊ သူတို့ကို ဘယ်သူတွေက ကူညီစောင့်ရှောက်နေသလဲ ဆိုတဲ့အကြောင်းတွေကို တင်ပြထားပါတယ်။
2022-07-30
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယု၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်လိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်း တောင်ကိုးရီးယားနဲ့ ဩစတြေးလျနိုင်ငံရောက် မြန်မာတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2022-07-30
ရန်ကုန်မှာရောက်နေတဲ့ ဂျပန်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဇူလိုင်လ ၃ဝ ရက် ဒီကနေ့ ညနေပိုင်းက ဖမ်းဆီးသွားတယ်လို့ ဂျပန်ရုပ်မြင်သံကြားတစ်ခုဖြစ်တဲ့ TBS သတင်းက ကြေညာပါတယ်။
2022-07-30
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ R2P ကို အကောင်အထည်ဖော်ပြီး စစ်အာဏာရှင်ကို ပြန်ခုခံနေတဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို တပ်ဖွဲ့အင်အား၊ လက်နက်အင်အား ချက်ချင်းထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2022-07-30
စစ်ကောင်စီက ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ကွပ်မျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက် မနေ့က ဆင့်ခေါ် ကန့်ကွက်ခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။
2022-07-30
ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်း ဝေါလေခရိုင်က ဥကရစ်ထစခန်းအနီးမှာ ဇူလိုင် ၂၇ ရက်နေ့ကစပြီး ကော်သူးလေတပ်မတော် (KTLA) ရဲ့ Lion Battalion စစ်ကြောင်း၊ Venom စစ်ကြောင်းနဲ့ စစ်ကောင်စီတပ် တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်နေပါတယ်။
2022-07-30
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံရွာက စျေးဆိုင်ခန်းပေါင်း နှစ်ရာနီးပါးနဲ့ နေအိမ်အလုံး ၅၀ ကျော်ကို ဇူလိုင်လ ၂၉ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ရပါတယ်။
2022-07-30
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ချမ်းမြေ့အောင်စည် နယ်မြေ (၁၂) ပင်လုံရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့လူငယ် ကိုချစ်မင်းခန့်နဲ့ မိခင်ဖြစ်သူကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီသွားးခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လ ၃၀ ရက် ဒီနေ့အထိ ကလေးမြို့က ဒေသခံ ၇၀ ကျော် ဆက်လက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ အဖမ်းခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
2022-07-30
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းခြောက်လ ထပ်မံတိုးခဲ့တဲ့ စစ်ကောင်စီဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ပြီး နောက်ထပ်သက်တမ်း ခြောက်လထပ်တိုးဖို့ လုပ်ဆောင်နေပါတယ်။