သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-31
စစ်တပ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်အင်အားနဲ့ ရုရှားက ထောက်ပံ့ထားတဲ့ လက်နက်အင်အား ရှိပေမယ့် အာဏာရယူနိုင်စွမ်းမရှိဘဲ ဖြစ်နေပါတယ်။ ဒါဟာမြန်မာပြည်သူတွေအတွက် အားတက်ဖွယ်ရာဖြစ်ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။
2022-08-31
တန်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်ကတော့ အဲဒီနေ့က တွေ့ဆုံမှုဟာ ကျေနပ်လောက်တဲ့အဆင့်မရှိသေးပေမယ့်၊ ရိုဟင်ဂျာဒုက္ခသည်တွေကို လေးလေးစားစား တွေ့ဆုံခဲ့တဲ့အတွက် NUG အစိုးရအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
2022-08-31
ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ရှိ အမှတ် ၁၆ အခြေခံပညာမူလတန်းကျောင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၁၅ ဦး အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ကြောင်း အဲဒီဒေသသတင်းတွေကို ဖော်ပြနေတဲ့ မြောက်ဥက္ကလာသတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
2022-08-31
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တည်ပင်ဆိပ်မှာ စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရုပ်အလောင်း ရှစ်လောင်းကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ ကျွန်းလှ PDF က တာဝန်ရှိသူတွေက ပြောပါတယ်။
2022-08-31
ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) စတဲ့ ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခဲ့ရာမှာ ၅၀၅ (က) အတွက်ကို ပြီးခဲ့တဲ့ မေလက ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
2022-08-31
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးပြီး တစ်ယောက်ကို အရှင်ဖမ်းမိခဲ့သလို၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA က ပြောပါတယ်။
2022-08-31
အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ကိုယ်စားလှယ်ကို ကုလက လက်မခံသင့်ဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။
2022-08-31
စစ်အာဏာရှင်လက်ထက် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်ပြီး မီးဖိုချောင်စရိတ် ကြီးမားနေချိန်မှာ အခုလို အလကားနီးပါးဈေးနှုန်းနဲ့ ဝယ်ခွင့်ရဖို့ မလွယ်ဘူးလို့ တန်းစီစောင့်ဆိုင်းနေသူတချို့က ပြောပါတယ်။
2022-08-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာ ဩဂုတ်လ ၃၀ ရက် မနေ့ညက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနား ကျေးရွာ ၁၀ ရွာ ကျော်က ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-31
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာကစလို့ စက်သုံးဆီ မလုံလောက်မှု ပြဿနာကို အကြီးအကျယ် ကြုံတွေ့နေကြရပါတယ်။
2022-08-31
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ဇီးကျွန်းကျေးရွာအတွင်း ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-31
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေလို့ မြန်မာ - တရုတ်နယ်စပ်မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအများစုက မြန်မာကျပ်ငွေကို မဝယ်ယူတော့ဘဲ ခေတ္တ ရပ်နားထားကြတယ်လို့ နယ်စပ်ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
2022-08-31
ဩဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မြို့နယ်၊ အမာမြို့ ဂယက်ကြီးကျွန်းအနီး မျောလာတဲ့ စက်လှေတစ်စင်းပေါ်မှာ ရိုဟင်ဂျာ ၅၉ ဦးနဲ့အတူ သေဆုံးနေတဲ့ ရိုဟင်ဂျာ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-31
ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ သံဆိပ်မင်းလမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ထိမှန်တဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-31
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တောင်ကြားရွာနဲ့ တောင်မြို့ရွာက လူနေအိမ် ၁၆၀ ကျော် ဩဂုတ်လ ၂၉ ရက်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။