သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-30
ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ ရှောင်တာနဲလ်၊ NLD အစိုးရ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ ယခင် စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။
2022-09-30
ကားတိုက်ခံဖမ်းဆီးခဲ့ရချိန် မမှူးရတနာခက်မို့မို့ထွန်းရခဲ့တဲ့ ဒဏ်ရာတွေကြောင့် တရားရုံး လှေကားထစ်တွေကို တက်ဖို့ခက်ခဲနေတာမို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
2022-09-30
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်တွေ ထပ်မံချမှတ်နေတာကိုလည်း အပြင်းအထန်ရှုတ်ချကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ ပြင်သစ်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-09-30
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်နဲ့ သားမက် ဖြစ်တဲ့ ဗိုလ်ကြီးဟောင်းရဲတေဇကို Inya Urban Force (IUF) ဆိုတဲ့အဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ဘယ်လိုရိုက်ခတ်မှု ရှိလဲဆိုတာတွေကို ဒီတပတ်အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
2022-09-30
ထောင်ပြောင်းဖို့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးချိန်မှာ မစ္စတာရှောင်တားနဲလ်နဲ့ NLD အစိုးရ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်မှာ ကိုဗစ်ရှိနေတာကြောင့် သီးသန့်ခွဲထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
2022-09-30
ဒေါက်တာထားထားလင်း စွပ်စွဲခံထားရတဲ့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇ (၁) အတွက် ထောင်နှစ်နှစ်၊ ပုဒ်မ ၁၇ (၂) အတွက် ထောင်နှစ်နှစ်နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် နှစ်နှစ်စီ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ စက်တင်ဘာလ ၂၉ ရက်နေ့က ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
2022-09-30
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ဓားစားခံအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေနဲ့ မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-09-30
ကချင်ပြည်နယ် ပူတာအိုဒေသမှာ စားဝတ်နေရေးအတွက် ဆေးမြစ် (ဘေချီဥ) ရှာရင်း တောင်ပေါ်ကနေ ပြုတ်ကျသေဆုံးသူ လေးရက်အတွင်း လေးယောက် ရှိပါတယ်။
2022-09-30
အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့စည်းအားလုံး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေထံ သွားလာထောက်ပံ့ခွင့်ကို စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ ပိတ်ပင်ထားတာလို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-09-30
ကယား (ကရင်နီ) ပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်အပါအဝင် နယ်မြေချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ အခု စက်တင်ဘာလ တစ်လတည်းမှာပဲ သေဆုံးသူ ၁၀ ဦး ရှိနေပါတယ်။
2022-09-30
ရန်ကုန် ပန်းဘဲတန်းမြို့နယ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ စက်တင်ဘာလ ၂၉ ရက် မနေ့က ပစ်ခတ်မှုတွေဖြစ်ပြီး အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း အရပ်သားခုနစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
2022-09-30
တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ ဒီနေ့မှာ နိုင်ငံရေး အကျဉ်းသား ၅၇ ဦး ပြန်လွတ်လာတဲ့အတွက် တစ်လအတွင်း နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်မြောက်လာပါတယ်။
2022-09-30
စစ်ကောင်စီတပ်တွေဟာ မန်ထုံတောင်ကြီးကျေးရွာနဲ့ အနီးဆုံးရွာဖြစ်တဲ့ အောင်းကုန်းရွာကို စက်တင်ဘာ ၂၈ ရက်နေ့ မနက်မှာပဲ ဝင်ရောက်မီးရှို့ခဲ့လို့ လူနေအိမ် ငါးလုံး မီးလောင်သွားခဲ့ပြီး အရပ်သား ၂၅၀၀ လောက်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2022-09-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာ စက်တင်ဘာ ၂၉ ရက်နေ့ မနေ့ညနေပိုင်းက လူငယ်တစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့သလို မောင်းဆွဲရွာမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2022-09-30
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အနောက် အင်ဒိုင်းကျေးရွာမှာရှိတဲ့ တိုင်းရင်းသားမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်လှုဒါန်းသူ နည်းပါးပြီး ကလေးတွေအတွက် ပညာရေးနဲ့ စားဝတ်နေရေးကအစ ခက်ခဲနေတယ်လို့ ကျောင်းတည်ထောင်သူ ဦးဆောင်ဆရာတော် ဦးသေဋ္ဌိလက မိန့်ပါတယ်။