သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-19
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အားကောင်းစေရေးအတွက် ဒီအဖွဲ့ ကိုးဖွဲ့က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
2024-09-19
RFA ပေးစာ အစီအစဉ်အနေနဲ့ RFA ကို အမှန်တကယ်ပေးပို့လာတဲ့ စာတွေကို စိစစ်ပြီး ပြန်လည်တင်ပြနေတာဖြစ်ပါတယ်။ တချို့ တိုင်ကြားချက်တွေ၊ စွပ်စွဲပြောဆိုချက်တွေဟာ မူရင်း စာပေးပို့သူရဲ့ အာဘော်တွေသာ ဖြစ်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ပေးစာကြောင့် ထိခိုက်နစ်နာမှုရှိခဲ့ရင် ထိခိုက်နစ်နာသူ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ ပြန်လည်ချေပတဲ့ ပေးစာတွေ ပေးပို့လို့ရပြီး ဒီစာတွေကို RFA ကနေ အလျဉ်းသင့်သလို ပြန်လည်ဖော်ပြသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
2024-09-19
မြန်မာနိုင်ငံက ထိခိုက်အလွယ်ဆုံး လူ့အဖွဲ့အစည်းတွေအတွက် အကူအညီပေးဖို့ ပေးအပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2024-09-19
မြို့နယ် ၁၀ မြို့နယ်ဖြစ်တဲ့ လွိုင်လင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ ရပ်စောက်၊ တောင်ကြီး၊ မိုးဗြဲ၊ ဟိုပုံးနဲ့ မောက်မယ်မြို့နယ်တွေ ဖြစ်ပါတယ်။
2024-09-19
Non-Immigrant ED Visa လို့ခေါ်တဲ့ ကျောင်းသားဗီဇာနဲ့ ထိုင်းနိုင်ငံကို ဝင်လာသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်း တိုးမပေးတော့ဘူးလို့ ဘန်ကောက် မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
2024-09-19
နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း မြို့ပေါ်တွေကိုပါ လေကြောင်းနဲ့ နေ့စဉ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-19
RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိရရှိတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။
2024-09-19
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင်နှစ်ဦးဟာ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ Dark Shadow အဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-09-19
တောင်ငူမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ငါးဆယ်ကျော်က လူရှစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကြုံနေရသူတွေက ပြောပါတယ်။
2024-09-19
စစ်ကိုင်းတိုင်း၊ ကနီနဲ့ ကန့်ဘလူမြို့နယ်တွေကို စစ်ကောင်စီက စက်တင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်အထိ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-19
အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) ရိခေါ်ဒါရ် - ရိဒ်- ဇိုခေါ်ဒါရ် ကုန်သွယ်ရေး တံတားကို အိန္ဒိယဘက်က ပိတ်ထားတာ အချိန်နှစ်လကျော်ကြာလာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာပါတယ်။
2024-09-19
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေဘေးကြုံနေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ဒရုန်းနဲ့ ပို့ဆောင်ပေးပါတယ်။
2024-09-19
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၆၃ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
2024-09-19
မြန်မာနိုင်ငံမှာ ရေကြီးရေလျှံပြီး လူပေါင်းရာချီ သေဆုံးခဲ့တဲ့ သဘာဝဘေး ကြုံရချိန်မှာတောင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုဟာ ညံ့ဖျင်းလွန်းပြီး စစ်ရေးကိုပဲ ဦးစားပေးနေတယ်လို့ ပြောကြပါတယ်။
2024-09-19
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ဝက်လူးရွာကို စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။