သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-12
ပုသိမ်ထောင်ကိုရောက်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားအများစုပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
2024-10-12
ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး ချိုးဖောက်ခွင့်ပြုထားသလို ဖြစ်နေတယ်လို့လည်း ဦးကျော်မိုးထွန်းက ဆိုပါတယ်။
2024-10-12
မြန်မာနိုင်ငံက ပဋိပက္ခကို ဖြေရှင်းဖို့သာမက ဒေသတွင်းစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အာဆီယံရဲ့ မိတ်ဖက်အစုအဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှု မရှိမဖြစ်လိုအပ်ကြောင်း ဝန်ကြီးချုပ် Wong က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
2024-10-12
တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတာလို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-10-12
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ဟာ အရေးပါတဲ့အပြင် ဒီမိုကရေစီပြန်လည်ထူထောင်ရေး အရေးကြီးကြောင်းတွေကို ဝန်ကြီးချုပ်မိုဒီက အလေးထားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
2024-10-12
ဒီလူတွေဟာ သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်တာကြောင့် ဖမ်းဆီးထားတာလို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
2024-10-12
အာရှတစ်ခွင်က တစ်ပတ်အတွင်း ထူးခြားတဲ့ဖြစ်ရပ်တွေကို စုစည်းပြီး RFA ဝိုင်းတော်သား ကိုစောဖိုးခွား အပတ်စဉ်တင်ဆက်နေတဲ့ "အာရှတစ်လွှား သတင်းများ" အစီအစဉ်ပါ။
2024-10-12
RFA ကရရှိထားတဲ့ အချက်အလက်တွေအရ အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ သံဃာတော်တွေနဲ့ သီလရှင်တွေအပါအဝင် အရပ်သား ၆၂ ဦး သေဆုံးသွားပါတယ်။
2024-10-12
ပွင့်ဖြူမြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့နေအိမ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက အိမ်ထောင်စုတစ်စုကို ကျပ်ငါးသောင်းအထိ ကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-12
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ညှိနှိုင်းဆွေးနွေးမဲ့အကြောင်း မလေးရှား မီဒီယာတွေကို ပြောပါတယ်။
2024-10-12
ဘုတလင်မြို့နယ်၊ ငပုရင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-12
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို အကူအညီပေးနေတဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၁၁ ရက်ညက ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-12
ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အောက်တိုဘာ ၁၂ ရက် မနက် ၁ နာရီခန့်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး နှစ်ဦးအပါအဝင် လူသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-10-12
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနဲ့ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား အထင်အမြင် လွဲမှားမှုကို ဖြစ်စေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2024-10-12
AA ထိန်းချုပ်ရာ နတ်မြစ်အတွင်း ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားငါးဦးကို AA က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်ပါတယ်။