သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-11
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပွဲတော်ကာလတွေမှာ လူစုလူဝေးမလုပ်ဖို့ AA က ထုတ်ပြန်သတိပေးထားပါတယ်။
2024-10-11
ပြည်ပထွက်ခွာသူ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေနဲ့ ထောင်ကျခံနေရသူတွေ အများအပြားရှိတာကြောင့် သန်းခေါင်စာရင်း ကောက်ယူရာမှာ စာရင်းအမှန် ရမှာမဟုတ်ဘူးလို့ ဆိုကြတာပါ။
2024-10-11
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက မြို့နယ်တချို့မှာ သန်းခေါင်စာရင်းကောက်တဲ့ ကာလအတွင်း စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးတာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါး တိုးလာနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြောပါတယ်။
2024-10-11
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က အင်းလေးမှာ တစ်လကျော်လာတဲ့ ဒီနေ့အထိ နေအိမ်တွေ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။
2024-10-11
ဘူးသီးတောင်မြို့နယ်မှာ နေအိမ်ဆောက်လုပ်ဖို့အတွက် တောင်ပေါ်မှာ ဝါးခုတ်သွားတဲ့ အရပ်သား နှစ်ဦးကို ARSA က သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို အောက်တိုဘာ ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
2024-10-11
ငါန်းဇွန်မြို့နယ် ညောင်လေးပင်ရွာ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံငါးဆယ်ကျော်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လူသုံးဆယ်ကျော်ကတော့ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-10-11
မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွေ အများဆုံးရှိတဲ့ ပန်ဝါမြို့ လုပိရွာအနီးက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF-၁၀၀၂ တပ်ရင်းနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2024-10-11
မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၆၂ ဦးနဲ့ အမျိုးသမီး ၁၉၅ ဦး၊ စုစုပေါင်း ၄၅၇ ဦးကို စစ်ကောင်စီက မူဆယ်မြို့ရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းပြီး ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
2024-10-11
နိုင်ငံရေးအကျဥ်သားတွေ လွတ်မြောက်ရေးနဲ့ အကြမ်းဖက်မှုလျှော့ချရေးလုပ်ငန်းတွေမှာ စစ်ကောင်စီရဲ့အားထုတ်မှုဟာ တိုးတက်မှုမရှိသလောက် ဖြစ်နေတယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန်သံတမန်က ပြောပါတယ်။
2024-10-11
မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောပါတယ်။
2024-10-10
နတ်တလင်းမြို့နယ်က လှပခြင်းကျေးရွာအုပ်စုမှာ စစ်မှုထမ်းဆောင်သူတွေကို ငွေကြေးထောက်ပံ့ဖို့ဆိုပြီး အောက်တိုဘာ ၁၀ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက အိမ်ထောင်စုတစ်ခုကို ကျပ်နှစ်သောင်းအထိ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-10
ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
2024-10-10
ထိုင်းနိုင်ငံကတော့ မြန်မာ့ပဋိပက္ခအဆုံးသတ်ဖို့ အလွတ်သဘောညှိနှိုင်းရေးအတွက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
2024-10-10
ဝင်းစိန်ကျေးရွာမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNLA မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ မဟာမိတ်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
2024-10-10
ရေကြီးတာကြောင့် စပါးနဲ့တခြားစိုက်ပျိုးသီးနှံ ဧက တစ်သောင်းကျော် ပျက်စီးသွားပြီး လူနေအိမ် နှစ်ထောင်နီးပါးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။