သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-03
RFA ပေးစာ အစီအစဉ်အနေနဲ့ RFA ကို အမှန်တကယ်ပေးပို့လာတဲ့ စာတွေကို စိစစ်ပြီး ပြန်လည်တင်ပြနေတာဖြစ်ပါတယ်။ တချို့ တိုင်ကြားချက်တွေ၊ စွပ်စွဲပြောဆိုချက်တွေဟာ မူရင်း စာပေးပို့သူရဲ့ အာဘော်တွေသာ ဖြစ်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ပေးစာကြောင့် ထိခိုက်နစ်နာမှုရှိခဲ့ရင် ထိခိုက်နစ်နာသူ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ ပြန်လည်ချေပတဲ့ ပေးစာတွေ ပေးပို့လို့ရပြီး ဒီစာတွေကို RFA ကနေ အလျဉ်းသင့်သလို ပြန်လည်ဖော်ပြသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
2024-10-03
မုန်တိုင်းမိုးကြောင့် မြို့တစ်ခုလုံးနီးပါး ရေလွှမ်းခံခဲ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလောနဲ့ အင်းလေးဒေသမှာတော့ ဒေသခံတွေရဲ့ အခက်အခဲတွေကို စေတနာရှင်တွေက ဝိုင်းဝန်းကူညီနေကြပါတယ်။
2024-10-03
မြင်းခြံခရိုင်အတွင်းက ငါန်းဇွန်မြို့နယ်မှာ စက်တင်ဘာ တစ်လအတွင်း ဒေသခံအမျိုးသား ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ စုဆောင်းခံထားရတယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။
2024-10-03
ကျောက်ဖြူမြို့နယ် စနဲမြို့ကနေ ဈေးလာဝယ်တဲ့ ရေလုပ်သား ခုနစ်ဦးကို သံဇစ်မြစ် ဒွေးချပိုက်ဆိပ်ကမ်းမှာ အောက်တိုဘာ ၁ ရက်နေ့က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-03
သီပေါမြို့နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီးနောက် သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ကိုးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
2024-10-03
ဖားကန့်မြို့နယ်က အလွတ်သတင်းသမားနှစ်ဦးကို KIA ဖမ်းဆီးပြီးနောက် ငါးရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-10-03
Passport for Visit နဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်မှုတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေ ထပ်မံထုတ်ပြန်ကြေညာပါတယ်။
2024-10-03
AA ဟာ ရခိုင်ပြည်နယ်က ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တွေကို သိမ်းပိုက်ထိမ်းချုပ်လာနိုင်တဲ့နောက်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အာရုံစိုက်တာခံလာရပါတယ်။
2024-10-03
မြန်မာနိုင်ငံတစ်ဝန်းမှာ နောက်တစ်ကြိမ် ရေကြီးမြေပြိုတာ ထပ်ကြုံတွေ့ရမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-10-03
အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးစေလွှတ်ဖို့ စစ်ကောင်စီက ပြောကြားထားပါတယ်။
2024-10-03
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီဘက် လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေတာကြောင့် လူတစ်သောင်းလောက် ထွက်ပြေးနေရပါတယ်။
2024-10-02
သံအမတ်ကြီးဟာ ထိုင်း အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ ကြေညာထားပါတယ်။
2024-10-02
နိုင်ငံတစ်ဝန်းမှာ လူအင်အား လေးသောင်းနှစ်ထောင်ခန့် အသုံးပြုပြီး သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
2024-10-02
စစ်ကောင်စီအခြေချစခန်းက ထွက်လာတဲ့စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
2024-10-02
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉ဝ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။