သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-29
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မစျေးမှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲက အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာရှစ်ဦးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က စစ်လေယာဉ်နဲ့ ရန်ကုန်မြို့ကို ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2024-02-29
ဒေသတွင်းနိုင်ငံတွေက အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေနဲ့ အမေရိကန်နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာကျောင်းသူ၊ ကျောင်းသား တစ်ထောင်ကျော်ကို ပညာသင်ဆုပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-02-29
ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုရင် ကိုယ်အပူအချိန်နဲ့ ကျန်းမာရေး စစ်ဆေးခံရမယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-02-29
Myanmar Yong Jia Garment Color Correction အထည်ချုပ်စက်ရုံက အလုပ်သမ ခုနစ်ဦး အချိန်ပိုဆင်းဖို့ငြင်းဆန်တာကြောင့် အလုပ်ထုတ်ခံလိုက်ရတယ်လို့ STUM က RFA ကိုပြောပါတယ်။
2024-02-29
လူကုန်ကူးခံရသူတွေကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေက မဲဆောက်ကို ပို့ပေးတာဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံ တာ၀န်ရှိသူတွေက လက်ခံပါတယ်။
2024-02-29
ဖမ်းဆီးခံထားရသူတွေဟာ ပြစ်မှုကျူးလွန်တာမရှိရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ DDMSC ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
2024-02-29
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေ မကောက်တော့ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုးမား (Lalduhoma) က ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပြောလိုက်ပါတယ်။
2024-02-29
ဒီနေ့ သူကို ထောင်ဆယ်နှစ်ထပ်ချလိုက်တယ်လို့ သူနဲ့အတူ အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇော်လင်းထွဋ်(ခ) ကိုဖိုးသားက ပြောပါတယ်။
2024-02-29
ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားက ကျင်သီတံတား၊ သီပေါနဲ့ လားရှိုးမြို့နယ်ကြားက စဥ့်အင်တံတားတွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ဒီနေ့အထိ ပြန်မပြင်နိုင်သေးတဲ့အတွက် ဒေသခံတွေ၊ ခရီးသည်တွေနဲ့ ကုန်သည်တွေ အခက်အခဲ ဖြစ်နေပါတယ်။
2024-02-29
ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့- ဒိုင်ရ် (CDF-Daai) ပါဝင်တဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၇၄ ဦး အရှင်ဖမ်းဆီးခဲ့တယ်လို့ CDF Daai က ထုတ်ပြန်ပါတယ်။
2024-02-29
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြူဝန်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ပါတယ်။
2024-02-29
လောက်ကိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၁၀၈ ဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံကို လွှဲပြောင်းပေးခဲ့တယ်လို့ MNDAA သတင်းမီဒီယာက ဖော်ပြပါတယ်။
2024-02-29
စစ်တွေမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့လက်နက်ကြီးကျည် လူစည်ကားရာမြို့မဈေးကြီးအနီး ကျပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး နောက်ထပ် ၁၈ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
2024-02-29
မြိတ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် အကျဥ်းသားတွေကို ကော့သောင်းအကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။
2024-02-29
အင်တာနက်လူမှုကွန်ရက်မှာ ထင်ရှားတဲ့ ရခိုင်လူငယ်အဆိုတော် ကိုဇေယျာရဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သင်္ကန်ကျွန်းကြီးက ဖုန်းဆိုင်ဟာ ချိပ်ပိတ်ခံလိုက်ရတယ်လို့ ကာယကံရှင် ကိုဇေယျာက RFA ကို ပြောပါတယ်။