သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-31
မံစီမြို့နယ် ဂျန်မိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေး တစ်ဦး အပါအဝင် ဒေသခံ ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2024-03-31
မတ်လထဲမှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 ကို ကျောင်းသား တစ်သောင်းရှစ်ထောင်နီးပါး ဖြေဆိုဖို့ပျက်ကွက်ခဲ့တာကြောင့် အဲဒီပျက်ကွက်သူတွေအတွက် အခုဧပြီလထဲမှာ ပြန်ကျင်းပပေးမယ်လို့ စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-03-31
ဘန်ကောက်မြို့ ဝမ်းထော်လန်းမြို့နယ်မှာရှိတဲ့ Big C လက်ဖရာအိုစျေးကြီးထဲက အနှိပ်ခန်းတစ်ခုမှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာလူငယ် ၁၅ ဦးကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းတွေမှာ မတ်လ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
2024-03-31
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ်အတွင်း ကျေးရွာ ၈၇ ရွာက လူဦးရေ ခြောက်သောင်းသုံးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
2024-03-31
စဥ့်ကူးမြို့နယ် ခက်သင်ရွာထဲကို လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-31
တစ်လနီးပါးအတွင်း တပ်စခန်းပေါင်း ခြောက်ဆယ်နီးပါးကို ရရှိထားပြီဖြစ်ပေမယ့် လေကြောင်းကတိုက်ခိုက်မှာကို စိုးရိမ်ရသေးတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2024-03-31
အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) နဲ့ မတ်လ ၂၈ ရက်ကတွေ့ဆုံချိန်မှာ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
2024-03-31
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်က ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မတ်လ ၂၇ ရက်နောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-31
မှော်ဘီမြို့နယ်၊ ကုလားကုန်းရွာ လမ်းမပေါ်မှာ မတ်လ ၃၀ ရက် ညနေ လေးနာရီကျော်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-31
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာထဲ မတ်လ ၃၀ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-30
စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုကို အမျိုးသားညီညွတ်ရေးအစိုး (NUG) က စတင်လုပ်ဆောင်နေပြီလို့ မတ်လ ၃၀ ရက်နေ့မှာ ကြေညာပါတယ်။
2024-03-30
မုံရွာမြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင် သေဆုံးခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက မတ်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2024-03-30
ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီစခန်းလေးခုကို မတ်လ ၃၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2024-03-30
ထိုင်းနိုင်ငံမှာ ဝန်ချီစက်ပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားခြောက်ဦးအတွက် တစ်ဦးကို နစ်နာကြေး ဘတ် ၁၆ သိန်းပေးဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
2024-03-30
ရခိုင်ပြည်နယ် ရမ်းဗြဲ၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။