သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-01
ထိုင်းအစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်မယ့် အစီအစဉ်ဟာ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုမလုပ်ရင် ထိရောက်တဲ့ အကူအညီဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးပြောကြပါတယ်။
2024-03-01
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခေါင်းဆောင်တချို့နဲ့ ထိုင်းလွှတ်တော်အမတ်တွေ ပါဝင်မယ့် မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုကို မတ်လ ၂ ရက်နေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
2024-03-01
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက ဘာကြောင့်ကျူးလွန်နေကြတာလဲ၊ ဒီပြဿနာကို ဘယ်လိုအဖြေရှာမလဲ စတဲ့ အချက်တွေကို ဆွေးနွေးထားပါတယ်။
2024-03-01
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို AA နဲ့ ပူးပေါင်းပြီး တရားမျှတမှုရအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG က ထုတ်ပြန်လိုက်ပါတယ်။
2024-03-01
စစ်ကောင်စီကို လက်နက်၊ လေယာဉ်လောင်စာဆီနဲ့ နိုင်ငံခြားငွေသုံးစွဲခွင့်တွေ ရယူနိုင်ခြင်းမရှိအောင် ကန့်သတ်ပိတ်ဆို့ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
2024-03-01
စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းတာဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုနိုင်တာကြောင့် ချက်ချင်းအရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အရပ်ဖက်အဖွဲ့အစည်း လေးရာဝန်းကျင်က တောင်းဆိုလိုက်ပါတယ်။
2024-03-01
စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်ဝင်းထဲကနေ ကယ်ထုတ်ထိန်းသိမ်းထားတဲ့ ဝန်ထမ်းနဲ့ ကျောင်းသူကျောင်းသား ၁၃၀ ကျော်ထဲက ၁၂ ဦးကို တီးတိန်မြို့နယ်က နေအိမ်တွေဆီ အရောက်ပို့ဆောင်လိုက်ပြီလို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဖေဖော်ဝါရီ ၂၉ ရက် မနေ့မှာ ထုတ်ပြန်ပါတယ်။
2024-03-01
ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူအခြေစိုက် ခလရ (၅၄၂) က အဓမ္မဖမ်းဆီးသွားပါတယ်။
2024-03-01
ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမား ဖိုးသီဟ (ခေါ်) မြတ်သူထွန်းအပါအဝင် အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီနေ့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2024-03-01
စစ်ကောင်စီဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်အဖွဲ့ (People's Embrace) ထံ ဆက်သွယ်စုံစမ်းလာတဲ့ လူငယ် တစ်သောင်း သုံးထောင်ခန့်အထိရှိနေပါတယ်။
2024-03-01
ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ငါးကြီးအိုင်ရွာကို စီးနင်းပြီးနောက် နေအိမ်တွေမီးရှို့ခံခဲ့ရသလို ဒေသခံသုံးဦးပါ သတ်ဖြတ်ခံခဲ့ရပါတယ်။
2024-03-01
ချောင်းသာမြို့နယ်ခွဲက ရခိုင်ရိုးမနဲ့နီးတဲ့ ကျောက်ပုံနဲ့ ချောင်ခွကျေးရွာနှစ်ရွာမှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။
2024-03-01
အမေရိကန်အစိုးရဖမ်းထားတဲ့ ဂျပန်တစ်ယောက် မြန်မာနိုင်ငံက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တစ်ဖွဲ့ဆီက ယူရေနီယံနဲ့ ပလူတိုနီယံ ဓာတ်သတ္တုကုန်ကြမ်းတွေ ရောင်းချဖို့ ကြိုးစားတဲ့အတွက် တရားစွဲခံနေရပါတယ်။
2024-03-01
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရသလို နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
2024-03-01
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို ဆက်သွယ်ရေး ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ပတ်သက်လို့ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu Valalvena နဲ့ ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူတို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နှစ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Lairam Times က ဖော်ပြပါတယ်။