သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-30
ထောင်ဝင်စာပို့သူနဲ့ ဧည့်တွေ့မယ့်သူတွေကို ခွဲခြားထားတာမရှိဘဲ တစ်တန်းတည်း တန်းစီခိုင်းထာပြီး နေ့စဉ် လူဦးရေတစ်ရာကျော်က နေအပူချိန်အောက်မှာ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
2024-04-30
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ကို ခေါ်ယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-04-30
သတ်ဖြတ်ခံရသူတွေထဲ အမျိုးသား ၈၈ ဦးနဲ့ အမျိုးသမီး ၃၃ ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းထဲမှာတင် သတ်ဖြတ်ခံရသူ ၃၈ ဦးရှိခဲ့တယ်လို့ AAPP က ဆိုပါတယ်။
2024-04-30
မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်က တရားမဝင် အခြေချနေထိုင်သူတွေ များပြားလာတာကြောင့် ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေကို ထိပါးလာနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက သူ့ရဲ့ လူမှုကွန်ရက် တွစ်တာစာမျက်နှာမှာ ဧပြီ ၂၉ ရက်နေ့က ရေးသားလိုက်ပါတယ်။
2024-04-30
အမျိုးသမီးအလုပ်သမားတွေအနေနဲ့ ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာရရှိဖို့အပါအဝင် အချက်နှစ်ချက်ကို အမျိုးသမီးအလုပ်သမားတွေက Sisters 2 Sisters လှုပ်ရှားမှုကနေ တောင်းဆိုလိုက်ပါတယ်။
2024-04-30
ကရင်အမျိုးသားအစည်း KNU နဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တို့က သူတို့နယ်မြေတွေအတွင်း သတင်းမီဒီယာတွေ သတင်းလာယူတဲ့အခါ လိုက်နာ ရမယ့်အချက်တွေကို ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ပါတယ်။
2024-04-30
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အသစ်ထုတ်လိုက်တဲ့ Keen Beer ကို မသောက်သုံးဘဲ သပိတ်မှောက်ဖို့ Justic for Myanmar (JFM) က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2024-04-30
စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
2024-04-30
လော့ခေါ်စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်မှုမထမ်းချင်လို့ မြို့ပေါ်က ထွက်ပြေးလာတဲ့ လူငယ်တွေ တိုးလာနေလို့ စားသောက်ရေး ခက်ခဲနေပါတယ်။
2024-04-30
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ တရုတ်ကို သွားရောက်လည်ပတ်ပြီး ငွေလိမ်ဂိုဏ်းနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ပူးပေါင်းနှိမ်နင်းမယ့်ကိစ္စ ဆွေးနွေးခဲ့ကြောင်း တရုတ်နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးရဲ့ သတင်းစာတွေက ဖော်ပြပါတယ်။
2024-04-30
ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့က AA၊ ချင်းညီနောင်အဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ချင်းညီနောင်အဖွဲ့မှာပါဝင်တဲ့ CDF မင်းတပ်အဖွဲ့က ပြောပါတယ်။
2024-04-30
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး မြို့နယ်စည်ပင်ရုံးနဲ့ သပြေညိုရပ်ကွက်က နေအိမ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-30
ပျော်ဘွယ်မြို့နယ် ကန်တဲရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၇၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲဒီရွာခံတွေနဲ့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
2024-04-30
သေဆုံးသူတွေဟာ အသက် ၁၉ နှစ်အရွယ် မောင်လားလ်ချန့်သန်ဒန်မာ၊ ၁၇ နှစ်အရွယ် မောင်ဗန်လားလ်းရင်းငါနဲ့ အသက် ၂၀ အရွယ် ဒုတပ်ခွဲမှူး ကိုဆမ်တဲတို့ဖြစ်ပြီး ဧပြီ ၂၈ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
2024-04-30
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရပ်ကွက်နှစ်ခုက အမျိုးသားကိုးဦးကို စစ်မှုထမ်းဖို့ဆိုပြီး ဧပြီလ ၂၉ ရက်နေ့ညမှာ စစ်ကောင်စီတပ်က နေအိမ်တွေအထိ လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။