သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-31
NLD နာယကကြီး သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဇွန် ၁ ရက် ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားပြီလို့ သားဖြစ်သူ ဦးသန့်ဇင်ဦးက RFA ကို အတည်ပြုပြောပါတယ်။
2024-05-31
သူဖန်တီးသင်ကြားပေးနေတဲ့ ဂီတလက်သံလေးတွေကို အများပြည်သူ မြင်လာတဲ့အခါမှာတော့ သူတစ်ချိန်က မက်ခဲ့တဲ့ ဂီတသင်တန်းကျောင်းလေးကို အသက်သွင်းလာနိုင်ခဲ့ပြီး ထဲဖိုး ဂီတသင်တန်းကျောင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာခဲ့ပါတယ်။
2024-05-31
တအာင်းဒေသမှာ ခေတ်အဆက်ဆက်အစိုးရတွေ ထုတ်ပေးခဲ့တဲ့ သတ္တုလုပ်ငန်းတွေအပါအဝင် အခြားပုဂ္ဂလိကလုပ်ငန်း ခွင့်ပြုမိန့်တွေ၊ လိုင်စင်တွေကို အသိအမှတ်မပြုဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်လိုက်ပါတယ်။
2024-05-31
ရှန်ဂရီလာ ဆွေးနွေးပွဲမှာ “မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မတူညီတဲ့ ချဉ်းကပ်မှုတွေကြား သံတမန်ရေးဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ မြန်မာပြည်အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
2024-05-31
မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP- AD) ရဲ့ လုပ်ဆောင်ချက်တွေဟာ မွန်ပြည်သစ်ပါတီနဲ့ မဆိုင်ဘဲ သူသဘောနဲ့သူသာလုပ်ဆောင်နေတာဖြစ်တာကြောင့် ဆက်စပ်မှုမရှိဘူးလို့ မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2024-05-31
ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က ဘုံသဘောထားရပ်တည်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တခြားအဖွဲ့အစည်းတွေနဲ့ပါ သဘောတူညီချက်ရဖို့ ကြိုးပမ်းနေတဲ့အကြောင်း ဒီတစ်ပတ်စကား၀ိုင်းမှာ ဆွေးနွေးကြမှာပါ။
2024-05-31
နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဘောင်ကျော်ပြုမူပြောဆိုတဲ့လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မေလ ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2024-05-31
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်လိုက်လိုက်ပါတယ်။
2024-05-31
တရုတ်နိုင်ငံအတွင်းမှာ အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) ဆော့ဖ်ဝဲ အသုံးပြုသူတွေကို အရေးယူမယ်လို့ တရုတ်နိုင်ငံ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
2024-05-31
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် မိုးမောက်၊ မံစီ၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ ပူတာအို၊ မြစ်ကြီးနား စတဲ့ မြို့နယ်ခုနစ်မြို့မှာ စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး ထပ်တိုးလာပါတယ်။
2024-05-31
ဆောမြို့နယ် ကျောက်ထုမြို့တောင်ဘက်က ကံကြီးရွာကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် ဒီနေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာက စာသင်ကျောင်းမှာ တပ်စွဲထားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။
2024-05-31
မုံရွာမြို့အရှေ့ဘက် ဗောဓိတစ်ထောင်ဘုရားအနီးက တောင်မာတောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသူ၊ ရွာသား နှစ်ဆယ်ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။
2024-05-31
စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းထားစဉ် ရိုက်နှက်စစ်ဆေးခံရလို့ အမျိုးသားငါးဦးထက်မနည်း သေဆုံးသွားပါတယ်။
2024-05-31
ချင်းပြည်နယ် မင်းတပ်မြို့နယ်က ချပ်ရွာကို မေလ ၃၁ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-31
အခေါက်ရွှေဈေးနှုန်း တစ်ကျပ်သား ၅၆ သိန်းကျော်အထိ မြင့်တက်သွားသလို အမေရိကန် တစ်ဒေါ်လာ ကျပ် ၄၆ဝဝ ဝန်းကျင်အထိ မြင့်တက်သွားပါတယ်။