သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-31
မဲဆောက်မြို့မှာ မြန်မာ့ရိုးရာမုန့်တွေကို ရောင်းချရင်း နာမည်တစ်လုံးရနေသူကတော့ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုဘာဘူ လို့ခေါ်တဲ့ ကိုသီဟ ဖြစ်ပါတယ်။
2024-08-31
ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2024-08-31
ဒီရံပုံငွေနဲ့ ရာသီဥတုဒဏ်၊ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ နိုင်ငံတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
2024-08-31
မလေးရှားနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကြေးကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုးမြှင့်မှာဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာပါတယ်။
2024-08-31
လာအိုနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ “ဝ” အမျိုးသားတွေအနေနဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အတွင်း သက်ဆိုင်ရာဌာနတွေဆီ စစ်မှုထမ်းစာရင်းပေးကြဖို့ UWSA တောင်ပိုင်း စစ်ဒေသ (၁၇၁) က ထုတ်ပြန်ထားပါတယ်။
2024-08-31
လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ပေးဖို့ အရပ်ဖက်အဖွဲ့ နှစ်ရာကျော်က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2024-08-31
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
2024-08-31
TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်ဘက်က သတိပေးစာပို့တာဟာ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်စော်ကားမှုဖြစ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း NUCC က ကြေညာချက်ထုတ်ပြန်ပါတယ်။
2024-08-31
သီပေါမြို့နယ်၊ ညောင်ကိုးပင်ရွာထဲကို သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-31
စစ်တောင်းမြစ်ရေ မြင့်တက်လာလို့ တောင်ငူမြို့အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာသုံးဆယ်ခန့် ရေဝင်နစ်မြုပ်နေပြီး ရေးဘေးသင့်နေတဲ့ ဒေသခံတစ်သောင်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
2024-08-31
မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေ အရှိန်လျော့ရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ပါဝင်မယ်လို့ ဩဂုတ်လ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
2024-08-31
နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို သြဂုတ်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2024-08-31
အာဏာသိမ်းကာလ သုံးနှစ်ခွဲတွင်း NLD ပါတီဝင်ပေါင်း ၂၁၈၁ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ဩဂုတ်လ ၃၁ ရက်နေ့ထုတ် အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
2024-08-31
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဩဂုတ်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း လူပေါင်း ၈၈ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးရသူက ၄၅ ဦး ပါဝင်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
2024-08-31
သပိတ်ကျင်းမြို့နယ်က လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်း စစ်ကောင်စီတပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဩဂုတ်လ ၃၀ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက ထုတ်ပြန်ပါတယ်။