စစ်ပွဲတွေအပေါ် ပြည်သူတွေရဲ့ တုံ့ပြန်ချက်များ
2023.11.17
ဒီတစ်ပတ်မှာတော့ အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကယား၊ ကရင်၊ ကချင်၊ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင်က နေရာတော်တော်များများမှာ ဖြစ်လာတဲ့စစ်ပွဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက ပြည်သူတွေကြားမှာ ဘာတွေပြောနေကြလဲဆိုတဲ့ ပြည်သူ့အသံနဲ့ ဆန္ဒတွေဆွေးနွေးကြမှာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေကတော့ ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဒေါ်နှင်းဆီ၊ မန္တလေးက ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးဒေဝါနဲ့ မန္တလေးကျောက်တန်းက ဦးအောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားပါတယ်။