ပြည်တွင်းစစ် ဘယ်တော့အဆုံးသတ်မလဲ

RFA Burmese
2024.07.26

ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးနဲ့ ရခိုင်နဲ့ ကချင်ပြည်နယ်တို့က တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက် တရိပ်ရိပ်မြင့်တက်နေပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ဇူလိုင်လဆန်းအထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်နေပါပြီ။ ဒါပေမဲ့ စစ်ဘေးဒဏ် တိုက်ရိုက်ရင်ဆိုင်ရတဲ့ ဒီပြည်သူတွေတင်မကဘဲ စစ်ပွဲနောက်ဆက်တွဲ ရိုက်ခတ်မှုကိုလည်း စစ်မဖြစ်တဲ့ ဒေသတွေက လူထုလူတန်းစား အလွှာပေါင်းစုံ ကြုံနေရပါတယ်။ စစ်ပွဲတွေကြားက လက်နက်မဲ့ ပြည်သူတွေ မေးခွန်းထုတ်နေတဲ့ မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဘယ်တော့ အဆုံးသတ်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ခံ နန်းလောင်လျန်း၊ ရခိုင်ပြည်နယ်က ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်နဲ့ စစ်ကိုင်းတိုင်းက နိုင်ငံရေးလေ့လာသူ ကိုစိုးဝင်းဆွေတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။