စစ်ကောင်စီလေတပ် ပြည်သူကိုပါ ပစ်မှတ်ထားနေသလား

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2024.09.13

စစ်ကောင်စီလေတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ အရပ်ဘက်ပစ်မှတ်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လာခဲ့ပါတယ်။ တဆက်တည်း ၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ဆက်တွဲ စစ်ဆင်ရေး စတင်တဲ့အချိန် နောက်ပိုင်းမှာလည်း ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အုံတွေကို အဲဒီဒေသတွေမှာ တိုက်ပွဲမရှိဘဲ ဆက်တိုက်ဆိုသလို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဟာ လူတွေအိပ်ပျော်နေတဲ့ညသန်းခေါင်ကျော်အချိန်တွေမှာ လုပ်လာတာကြောင့် လူတွေအတွက် ပြေးလွှား ပုန်းအောင်းဖို့ အချိန်မရဘဲ ထိခိုက်မှုတွေ များလာရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အခုတစ်ပတ်စကား၀ိုင်းမှာ ဆွေးနွေကြမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှုး (၂) ကိုဗညား၊ အနောက်ပိုင်းဒေသရွေ့လျားဆေးကုသရေးအဖွဲ့(MMT) တာဝန်ခံ ဒေါ်ရတီအုန်းနဲ့ CDM လေတပ်ဗိုလ်ကြီး ဗိုလ်ကြီးဇေသူအောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။