စစ်ကောင်စီရဲ့ပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခအန္တရာယ်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.10.20

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက တိုင်းနဲ့ပြည်နယ်တွေမှာ သူတို့သြဇာခံ ပျူစောထီးလို့ခေါ်ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖွဲ့စည်းနေသလို လတ်တလော လပိုင်းတွေအတွင်းမှာလည်း ဒေသခံပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတွေ အဓမ္မဖိအားပေးတက်ခိုင်းနေပါတယ်။ အဲဒီလုပ်ရပ်တွေဟာ ဒီမိုကရေစီပြန်လည်ရရှိရေးကြိုးပမ်းနေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ အချင်းချင်း ပြန် ရန်တိုက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ထောက်ပြဝေဖန်တာတွေရှိနေပါတယ်။

ဒီလုပ်ရပ်တွေဟာ တိုင်းပြည်နဲ့ပြည်သူတွေအတွက် ဘယ်လောက် စိုးရိမ်စရာကောင်းပြီး ဘယ်လောက် အန္တရာယ်ကြီးပါသလဲ၊ မြန်မာနိုင်ငံမှာ သွေးမြေကျမှုတွေ ပိုမိုဆိုးဝါးလာမှာလား စတာတွေကို ဒီအပတ် RFA စကားဝိုင်းမှာ တင်ပြထားပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ စစ်ကိုင်းတိုင်းတစ်နေရာက CDM ဗိုလ်ကြီး နန်းဝင်းထွန်း နဲ့ နယ်စပ်လွတ်မြောက်နယ်မြေက CDM ဗိုလ်ကြီး ထက်မြတ် တို့ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။