“စစ်ရေးအရှိန်မြင့်လာဦးမယ့် မြန်မာပြည်”

2022.11.11
Share on WhatsApp
Share on WhatsApp

စစ်ကောင်စီက လာမယ့် ၂ဝ၂၃ ဩဂုတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တစ်ဘက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက ၂ဝ၂၃ ကို တော်လှန်ရေးအဆုံးသတ်မယ့်နှစ်အဖြစ် သတ်မှတ်ပြီး စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်နေပါတယ်။

လတ်တလော စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာ အပြောင်းအလဲတွေ ပွင့်လင်းရာသီအတွက် စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင် စစ်ရေးပြင်ဆင်မှုတွေအပြင် အခုကာလထက် တိုက်ပွဲတွေ ပြင်းထန်လာဦးမယ့်အခြေအနေတွေကို ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုဖီးနစ်၊ CDM စစ်သည် ကိုနောင်ရိုး၊ ကရင်လူငယ်များအစည်းအရုံး (KYO)က ကိုမင်းခန့်မိုးတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်းက စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။