NCA ရှစ်နှစ်ပြည့်ချိန် ဘာကြောင့် စစ်ရှိန်မြှင့်နေသလဲ

2023.10.13

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ စီစဥ်နေတဲ့ တစ်ချိန်ထဲမှာပဲ NCA မြစ်ဖျားခံရာလို့ ဆိုရမဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ဘေးဒုက္ခသည်စခန်းကို တိုက်ခိုက်မှုတွေ၊ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့အကြောင်း ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။