စစ်ကောင်စီသတင်းစာရှင်းလင်းပွဲနဲ့ လက်တွေ့အခြေအနေ
သြဂုတ်လ ၂၂ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာကိစ္စတချို့ကို စစ်ကောင်စီ အာဘော်အနေနဲ့ ပြောခဲ့ပါတယ်။
နေပြည်တော်စစ်ကောင်စီနယ်မြေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံခဲ့ပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်ပြီးဖြစ်တယ်လို့ ပြောသွားပါတယ်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူခဲ့တာကြောင့် ထိခိုက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာတွေဟာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ ဘယ်လောက် ကိုက်ညီသလဲ၊ ဘယ်လို ကွဲပြားနေသလဲ၊ ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်၊ CDM ဗိုလ်ကြီးထက်မြက်နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။